Pages


 

Monday, May 13, 2013

Myanmar Express ဆိုတာ ကျွန်တော်ပါပဲ [ ဗိုလ်မှူး အောင်လင်းထွဋ် ]

17 comments
Myanmar Express [ http://www.myanmarexpress.net/ ]  ရဲ့ IP များ Server များက အမေရိကန် က ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်  [ http://democraticwave.blogspot.com/2012/06/myanmar-express.html ] ။ တလောက ကနေဒါက ကိုရဲရင့်ငယ် ကလည်း အမေရိကား မှ နေအိမ်ကို ဒီမှာ [ http://www.yeyintnge.com/2013/02/blink-hacker-group-myanmar-express-group.html#.UZFVaUpqgxj ] ဖော်ပြခဲ့ဖူးပါတယ်။  ဒါပေမယ့် ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် တို့ မိသားစု ကိုယ်တိုင်ဖြစ်နေမယ်လို့တော့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး နောက်ပိုင်းမှာ ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် ပျောက်ချင်းမလှ ပျောက်သွားခဲ့တာကို လည်း ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ ဗိုလ်မှူးစိုင်းသိန်းဝင်း ပေါ်လာချိန် နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်းများကိုသာ အားလုံးက စိတ်ဝင်စားနေချိန်ဖြစ်တာကြောင့် ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် အတွက် အခွင့်ရေးကောင်းတွေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းဌာနတွေ ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြတ်တောက်ခဲ့တဲ့အပြင် ရုရှားနိုင်ငံ နဲ့ မြန်မာနိုင်ငံက ဂျူနီယာ စစ်ဗိုလ်များ၊ ယခင် ထောက်လှမ်းရေး အဆက်အသွယ်ဟောင်း များနဲ့ ပူးပေါင်းပြီး သတင်း အချက်အလက်ဟောင်းတွေကို ဖော်ထုတ်ခဲ့တာကိုလည်း Myanmar Express က သတင်းဟောင်း တွေ နဲ့ ဓာတ်ပုံ ဟောင်း တွေ ကို သေချာလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဘယ်နေရာ ဘယ်အခြေအနေပဲရောက်ရောက် စစ်သားက စစ်သားပါပဲ။ အသေချာဆုံးကတော့ ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်အကြောင်း  ရေးထားတဲ့ Myanmar Express က သတင်းတွေ၊ ဆောင်းပါးတွေပါပဲ။ မယုံရင်  ဗိုလ်ချုပ် ခင်ညွန့် မကောင်းကြောင်း comment တစ်ခုလောက် ရေးကြည့်ပါ။ လုံးဝ မတင်ပေးပါဘူး။ တဖက်လက်နှင့် mm.exps@gmail.com ကို invite လုပ်ပြီး အရင်ထောက်လှမ်းရေးအကြောင်းတွေ မေးချိန်မှာလည်း တိတိကျကျ ပြည့်ပြည့်စုံစုံ ပြောနိုင်ပါတယ်။ Myanmar Express မှာ ဦးသိန်းစိန်၊ ဦးအောင်မင်း နဲ့ အခြား ဗိုလ်ချုပ်ဟောင်းတွေရဲ့ သတင်းတွေ အများအပြားတင်နေပေမယ့် ထောက်လှမ်းရေးတွေကို ဖြုတ်ချခဲ့တဲ့ ဦးရွှေမန်းသတင်း အလွန့်အလွန် အတင်နည်းတာကလည်း သတိထားသင့်တဲ့ အချက်တစ်ချက်ပါပဲ။ နောက်ဆုံး စုံစမ်းသိရှိရတဲ့ အချက်တွေအရ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ ရှေ့တပတ်ထဲမှာ ဦးသိန်းစိန်ကိုတောင် ကြိုဖို့လုပ်နေပါတယ်။ လက်ရှိ လူကြီးအတော်များများကလည်း ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ အပတ်စဉ်တူတွေ အလွန်များနေတဲ့အပြင် ဗိုလ်ချုပ် ခင်ညွန့်တောင် ပြန်လွတ်နေပြီဆိုတော့ ဗိုလ်မှူး အောင်လင်းထွဋ်လည်း ဘာမှမဖြစ်ဖို့များပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ် မြန်မာနိုင်ငံ ပြန်ရောက်သွားပြီးနောက်ပိုင်း ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေအကြောင်းကို ဒီထက်ပိုပြီး ဖွင့်ချတာတွေ လုပ်နိုင်ပါတယ်။

 Myanmar Express ဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ $150 USD ရရှိနေပြီး [ www.myanmarexpress.net ] ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ $137,200 USD တောင်ရှိနေပါပြီ။ ဦးအောင်လင်းထွဋ် တို့ မိသားစုမှာ တခြားအလုပ်မရှိပါဘူး၊ အထောက်အပံ့လည်း မရတော့ပါဘူး ဒီဝင်ငွေနဲ့ပဲ လည်ပတ်နေဟန်ရှိပါတယ်။  အခု ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ အဆက်အသွယ် ရနေပြီဖြစ်ပေမယ့် ရှောင်နေတာကြောင့် ဒီသတင်းကိုအရင်တင်လိုက်တာပါ။ ဒီသတင်း ကြောင့် Myanmar Express တစ်ဖွဲ့လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားမှာတော့ ကျိန်းသေပါတယ်။ အခန့်မသင့်ရင် Myanmar Express ဝက်ဆိုက် ကို ဖျက်သွားတာမျိုး၊ သတင်းတွေ ဆက်မတင်တာမျိုးတွေ ထိ တောင် ဖြစ်သွားနိုင်ပါတယ်။ သက်သေ အထောက်အထားတွေနဲ့ ငြင်းလို့မရအောင် ပိုင်တဲ့အချိန်ကျမှ ပြည့်ပြည့်စုံစုံ ဆက်လက်ဖော်ပြပါမယ်။ 


17 comments:

Anonymous said...

ဟုတ်/ မဟုတ် ဆိုတာ ဦးအာင်လင်းထွဋ် ရှင်းရမည်ဖြစ်ပါသည်။ တကယ်ဟုတ်တယ်ဆိုရင် ဒီလူ နှစ်ဖက်ချွန်ဖြစ်မည်။ မဟုတ်လျှင် ဒီလှိုင်း က အိုင်တီသမားတွေ အဟားခံရမည်။ (ဘယ်နေရာ ဘယ်အခြေအနေပဲရောက်ရောက် စစ်သားက စစ်သားပါပဲ) ဆိုတဲ့စကားကို ကျွန်တော်မရှင်းဘူး..စစ်သားတွေ ကောက်ကျစ်တာကို ပြောချင်တာလား၊ ရက်စက်တာကိုပြောချင်တာလား ၊ သစ္စာရှိတာကို ပြောချင်တာလား ဆိုတာ နားမလည်ဘူး။ကျွန်တော်လည်း စစ်သားဟောင်းပါ၊ ဒါပေမဲ့ အမေစုကို အမြဲလေးစားထောက်ခံနေသူတစ် ယောက်ဖြစ်တဲ့ အပြင် NLD မှာ ယခုလက်ရှိ ကြီးမားသော တာဝန် များကို ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး နှင့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် တို့ကို အမြဲလေးစားဂုဏ်ယူနေသူတစ်ယောက်ပါ။ သူတို့တွေ လည်း တစ်ချိန်က စစ်သားတွေပါ။

WS

Anonymous said...

ghjk

Anonymous said...

သင့်စွမ်းဆောင် ချက်ဘယ်လောက်ကောင်းလဲ ဆိုတာ သင် တို့ရဲ့ သမိုင်းကြောင်းက သက်သေပြပါလိမ့်မယ် ကောင်းတာ လုပ် ရင်ကောင်းတာဖြစ်မယ် မ ကောင်းတာလုပ် ရင် ဆိုးကျိုး ခံစားရလိမ့် မယ်

ko aung thu said...

ဘယ်ကောင်ကဘာလဲတော့ မသိဘူး။ ကြိုသိနေတာကတော့ NLD အာဏာရခဲ့ရင်တော့ တိုင်းပြည်တော့ ပျက်ပြီပဲ။ ဖာနိုင်ငံဖြစ်မှာ ကျိန်းသေပဲ။

lcd said...

အဲဒါကမှားနေတယ်။လက်ရှိအနေအထားကြည့်ရတာko aung thu ပြောတဲ့အတိုင်းဖြစ်နေပြီးသားလို့ထင်တယ်နော်။

Anonymous said...

အခုလည်း တော်တော်လေးကို ပျက်စီးနေပါပြီ

fff said...

nld ကစောက်ရူးအိုင်တီသမားတွေပါကွာ

မင်းတို့လုပ်နေလို့တိုင်းပြည်က ပျက်နေတာ
မြောက်ထိုးပင့်ကော်အရမ်းမလုပ်ပါနဲ့ မြန်မာပြည်ငြိမ်းချမ်းသွားအောင်ပါ

Unknown said...

ထင်တာလား။ သေချာတာလား ။ စဉ်းစားစရာရှိတာက မောင်ခင်ညွန့်  အဖမ်းမခံရမှီ က တာဝန်ပေးထားတဲ့ ပြည်ပရောက် ငထောက်တွေ သူ့  အဖေ ဝင်သွားတော့ ပရမ်းပတာ နဲ့  (ကွန်ယက်တော့ မပျက်ကြဘူး) ရပ်တည်ရေးအတွက် NGOs ဖြစ်ကုန်ကြတယ်။ ဆက်လက်ပြီးလည်း တော်လှန်ရေးကို အနှောက်အယှက်လုပ်တယ်။ အခုရော -- ။ သာရာစီး ဖို့  ကြံနေကြတာပါပဲ ။

Yar Zar said...

တစ်ခုရှိတယ်.. Website Ranking တွေကပြတဲ့ Website ဈေးနှုးန်နဲ့နေ့စဉ်ဝင်ငွေဆိုတာ Traffice ပေါ်မူတည်ကြီးအကြမ်းတွက်ထားတာပါ။ USD 150 ဆိုတာ ကြော်ငြာထည့်မှရတာပါ ME မှာ ကြော်ငြာမထည့်ထားပါဘူး။ ဒီတော့ သူလည်ပတ်နေတာ ပြည်တွင်းက အထောက်အပံ့နဲ့ဖြစ်နိုင်ပါတယ်။

Anonymous said...

အရင် က dr.chatgyi လည်းသူတို့အုပ်စုဘဲ Indonesiaမ တွေ ကိုဗမာမ ဆိုပြီး သူတို့ အပြာ ဆိုက်မှာ တင် တဲ့ကောင်တွေ

မိုးသက် said...

နိုင်ငံရဲ့ ဒုတိယ အင်အားအကြီးဆုံးနဲ့ ထောက်ခံမှု အများအပြားရရှိတယ်လို့ လူတွေသိကြတဲ့ NLD ပါတီရဲ့ အိုင်တီသမား ဆိုသူများလုပ်ပုံကို ကန့်လန့်ကြီးတစ်ခုသွားမြင်မိတယ်.။ ခုနက လင့်ခ်တစ်ခုဖတ် ရတယ်.။ http://democraticwave.blogspot.ru/2013/05/myanmar-express.html ဒီကလင့်ခ်ပါ.။ Myanmar Express ဆိုတာ ဗိုလ်မှူးအောင်လင်းထွဋ် ပါပဲ ဆိုတဲ့ လင့်ခ်ပါ.။ သေချာကြည့်တော့ ကိုယ့်ဆရာတို့က Domain tools ဆိုက်တွေနဲ့ ဆာဗာနေရာကို Trace လိုက် ပြီး လေဖမ်းဒန်းစီးထားတာ..။ အမှန်က သူတို့ပြောတဲ့ ဆာဗာအိုင်ပီတွေအကုန်လုံးက Google servers တွေ.။ အောက်မှာတစ်ယောက်က နားစွန်နားဖျားဝင်ပြောသေးတယ်.။ ဒေါက်တာ ချက်ကြီးလည်း အတူတူပဲတဲ့.။ တူမှာပေါ့. Blog ဆိုက်တွေဆိုတာ Google ရဲ့ Service တွေဥစ္စာ.။ ဒီလောက်မှ Knowledge မရှိပဲ အိုင်တီသမားနာမည်ခံထားသေးတယ်.။ မယုံရင် ရဲရင့်ငယ်တို့၊ သစ်ထူးလွင်တို့၊ မိုးသီးဇွန်ရဲ့ We fight, we win တို့ သွားကြည့်ချေ.။ အတူတူတွေချည်းပဲ.။ ငမိုးဘလော့လည်း ဒီဆာဗာပဲ.။ တော်သေးတာပေါ့ . Myanmar Express နဲ့ မိုးသီးဇွန် အတူတူပဲတို့၊ သစ်ထူးလွင်တို့နဲ့ တစ်အုပ်စုတည်းတို့ ၊ ဒေါက်တာချက်ကြီးက ဒေါက်တာလွန်းဆွေနဲ့ တစ်ဂိုဏ်းတည်းတို့ မပြောလို့.။ ခင်ဗျားတို့ ဋသံလျင်းချိတ်နဲ့ တုံးတာက အိုင်တီသမားတွေပါသိက္ခာ ကျရောပဲ.။
စောစောကတည်းက ကျုပ်ပြောသားပဲ. အင်အားကြီးပါတီ (၂)ခုကု စစ်တုရင်ခုံပေါ်တင်ကြည့်ဗျာ ။ တစ်ဖက်က သူဟာနဲ့သူ ပါဝါကောင်တွေချည်းပဲ.။ ပွန်းရှားတယ်.။ အနည်းဆုံးတစ်ယောက်မှာ အစွန်းအစ တစ်ခုစီတော့ရှိကြတယ်.။ အဲ..ဟိုဖက်တစ်ဖက်ကတော့ ဘုရင်မကြီးတော့ပါပါရဲ့.. ။ကျန်တာ အကုန် ပွန်းတွေချည်း.။ အဲဒီပွန်းတွေကလည်း ကင်းဝင်မယ့်ပုံ တစ်ကောင်မှ မမြင်..။

ဖိုးတုတ် said...

ဘာတွေပြောနေတာလဲ အီးပဲကွာ

anonymous said...

လူအခွင့်ရေးအစွန်းရောက်တွေကိုဆန့်ကျင် ကြ။

Anonymous said...

ဘာတွေပဲဖြစ်ဖြစ်ပေါ့လေ ပြည်သူလူထုအတွက် ကောင်းမယ် နိုင်ငံအတွက်ကောင်းမယ်ဆိုရင်တော့ အားလုံးကို ကြိုဆိုပါ၏

Anonymous said...

Fucking stupids.

Anonymous said...

ဗိုလ်​ကြီးလာ မှကျမတို့ ရွာ​လေးပြာကျ ပြီးဖာထခဲ့ ရတာပါ​တော့ မဆိုင်​တဲ့ လူ​တွေအပြစ်​ သွားမတင်​ပါနဲ ကို​အောင်​သူရဲ့

Chyar Gyi said...

Wrong statement.