Pages


 

Thursday, November 28, 2013

ဦးအောင်မင်း MPC နှင့် ဇိမ်ခံကား အရှုပ်တော်ပုံ

0 comments
 
မြန်မာနိုင်ငံမှာ အခုတလော လူစိတ်အ၀င်စားဆုံး ကိစ္စရပ်ကတော့ မြန်မာပြည်သူတို့ရဲ့  သည်းခြေကြိုက်   စကား လုံးတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး …ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရောက်ဖို့အတွက်လည်း လုပ်လိုက်ရတဲ့ အကြိုဆွေးနွေးပွဲ ပေါင်းများစွာ … ဒီလိုနဲ့ပဲ ပေရှည်နေတဲ့ ဇာတ်လမ်းတွေ … အဲဒီကြားထဲကပဲ ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နေရင်း သဘောထားမမှန်မှုတွေ ငွေကြေးခ၀ါချမှုတွေ အခွင့်ထူးခံလူတန်းစားတွေထပ်မံ မွေးဖွါးလာခြင်းတွေ စတဲ့ အရှူပ်အရှင်း တွေနဲ့ သပွတ်အူလိုက် နေလိုက်ကြတာ မြန်မာနိုင်ငံဈေးကွက် စီးပွါးရေးထဲမှာ ငြိမ်းချမ်းရေးလမ်းစဉ်လည်း ပါပြီလားဗျာ ။

 ငြိမ်းချမ်းေ၇း (Peace) မျဉ်းဇောင်းတွေခံထားတဲ့ နံပါတ်လှလှနဲ့ ကားအကောင်းစားကြီးတွေ လမ်းတွေပေါ် တတ်   နေတဲ့ သတင်းတွေ ၊ ကားပွဲစားတန်းနဲ့ ၀ယ်/ရောင်းလောကတွေကြားမှာ အသည်းအသန် အလုအယက် ၀ယ်နေရ  တဲ့ ငြိမ်းချမ်းရေးပါမစ်တွေ ဟာ  ပြည်သူတွေအတွက် ဘယ်နေရာမှာများ အကျိုးရှိနေပါသလဲ ။ ပြည်သူတွေ တကယ်အကျိုးရှိ မရှိတော့ မသိပေါင်။ မြင်တာပြောရရင်တော့ … ဟိုးအရင်တုန်းက ဘာပါမစ် ညာပါမစ် တွေထက် ဒီငြိမ်းချမ်းရေးပါမစ်က တယ်အလုပ်ဖြစ်ဆိုသကိုး။ ဈေးအနည်းဆုံး သိန်း ၅၀၀ ကနေ သိန်း ၅၅၀၀ ထိ ပေါက်တယ်ဆိုပဲ။ ပါမစ်ခြင်းအတူတူ ဘာကြောင့် ဒီကောင်က အဲလောက် ခေတ်စားနေရတာတုန်းလို့ အမေးရှိရင်တော့ သူက တန်ဖိုးကြီး   ကားတွေကို ၀ယ်လို့ရတယ်ဆိုပဲ ။ တင်သွင်းခွင့်မရတဲ့ နောက်ဆုံးပေါ် အင်ဂျင်ပါဝါကြီး ဇိမ်ခံကားတွေကို အဲဒီ ငြိမ်းချမ်းရေး ပါမစ်နဲ့ တင်သွင်းခွင့်ရပြီး အခွန်တောင် ဆောင်စရာမလိုဘူးတဲ့။ Eleven ဂျာနယ်ကတွက်ပြထားတဲ့ ကိန်းဂဏာန်းများ အရဆိုရင် မြန်မာငွေသိန်းတစ်ထောင်တန် ၂၀၁၃ မော်ဒယ်ကားတစ်စီးကို ရိုးရိုးပါမစ်နဲ့သွင်းမယ်ဆိုရင်   မြန်မာပြည်ထဲ ရောက်လာရင် အခွန်အကုန် ဆောင်ပြီးချိန်မှာ သိန်း ၂၃၀၀ ထိဈေးမြောက်တယ် ။ဒါကို ငြိမ်းချမ်းရေးပါမစ် နဲ့ သွင်းလာချိန်မှာတော့ အခွန်ငွေ ၁၃၀၀ ဆောင်စရာမလိုပဲနဲ့တောင် သိန်း ၂၀၀၀ နဲ့ပြန်ရောင်းတာတောင် လျှော့ဈေးနဲ့  ပေးရတာပါ လို့တောင် ပြောကြတယ်ဆိုပဲ။အဲလိုမျိုးကားတွေဝယ်နိုင် သွင်းနိုင်ဖို့ အခုဆိုရင် ဦးအောင်မင်း (အိတ်စိုက်-ဦးအောင်မင်းပေါ့နော်) သူဖန်တီးပေးလိုက်တာ ကားပါမစ်ပေါင်း ၃၀၀၀ တောင်ရှိတယ် ။ ဒါတောင် အိတ်စိုက်ပြီး  အိမ်ရောင်း ခြံရောင်းနဲ့ လုပ်ပေး ရရှာတာ... ဟဲဟဲ ..အဲဒီ ပါမစ် ၃၀၀၀ မှာ ပထမအသုတ် ၁၀၀၀ က ကင်းလွတ်ခွင့်(FREE)   နဲ့ ၀င်သွားပြီးပြီ . အခုဆိုရင် ၉င/**** တွေနဲ့ စီးနေပြီပေါ့နော် ။ တစ်ချို့လက်နက်ကိုင်အဖွဲ့ တွေကတော့ ရတဲ့ပါမစ်ထဲက  ပဲ သူတို့စီးနေတဲ့ ၀စ်သောက် ကားတွေကို လိုင်စင်လုပ်တယ်တဲ့။ဒီကြားထဲ  KNU အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း ဆိုသူကလည်း အထွဋ်တတ် လိုက်သေးတယ် ။ပေးထားတာလောက်တောင် မလောက်ဘူးတဲ့ ။ ရထားတဲ့ အစီးရေ ၁၂၀   ကိုမှ အားမနာနော် . အခု မြန်မာနိုင်ငံထဲမှာ နာမည်ကြီးဇိမ်ခံကား ရိုးရွိုက်ဘရန်းတွေ အစီး ၂၀ တောင် ငြိမ်းချမ်းရေး ပါမစ် နဲ့ ရောက်နေပြီတဲ့ ။ ဂျာနယ်မှာ ရိုးရွိုက်ကားတွေကို ထိုင်းဘက်ကနေ တာလဘတ် အုပ်ပြီးသယ်လာတာတွေလည်း တွေ့တယ် ။ Roll-Royce ၊ Bently၊ Lexus 2013 ဆိုတာမျိုးကလည်း လုပ်ငန်းရှင်တွေ မီလျှံနာ ဘီလျှံနာတွေ ဇိမ်ခံစီးတဲ့ကားမျိုး မဟုတ်လား ။ ဒါတောင် နောက်ထပ် အစီး ၂၀၀၀ စာကျန်သေးတယ်တဲ့ ။

 ဒီလိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်ခင် အပစ်အခတ်အရင်ရပ်မလား နိုင်ငံရေးအရင်ဆွေးနွေးမလား ဆိုပြီး တောင်စဉ်ရေမရ အငြင်းပွါးမှုတွေကြားမှာ ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးနေဆဲ ။နှစ်ဘက်တွေ့ဆုံပြီးတိုင်း ယုံကြည်မှု       တွေတိုးလာတယ် လို့သာဆိုကြတယ်…အလုံးစုံ ယုံကြည်မှုတွေ ဘယ်တော့များမှ ရမှာလဲ ..ဘယ်လောက်ထိ စောင့်ရဦး  မှာလဲ ။မြင်တဲ့အတိုင်းပြောရမယ်ဆိုရင် တိုးပွါးလာတာ ယုံကြည်မှုမဟုတ်ဘူး ။UNFC ရဲ့ အင်အားတိုးလာတယ်။ MPC   ရဲ့  လုပ်ပိုင်ခွင့်တွေတိုးလာတယ် ။ UNFC  ဆိုတာကလည်း MPC လက်တွဲခေါ်မှုနဲ့ အခုဆိုရင် မဟာမိတ်တပ်ပေါင်းစုကြီးဖြစ်   လာပြီး သူတို့ဆိုင်ရာနယ်မြေတွေမှာဆိုရင် အစိုးရအသိအမှတ်ပြု ဘုရင်ငယ်တွေတောင်ဖြစ်နေတယ်ဆိုပဲ။ အနောက် ကယ်ရီခန်းပေါ်မှာ လက်နက်ကိုင်ထားတဲ့ လူ ၃/၄ ယောက်ပါတဲ့ ကားကြီးတွေ မောင်းလာရင် လမ်းပေါ်ကလူတောင် ဘေးဖယ်ဆင်းရတော့တာပဲ.. တိုက်မိရင်တောင် အတိုက်ခံရသူက ပြဿနာရှာခံရသတဲ့လေ..။ နိုင်ငံခြား အဖွဲ့တွေနဲ့ နီပွန်ဖောင်ဒေးရှင်းတို့ဆီက နင့်နေအောင် ရထားတဲ့ သန်းပေါင်းများစွာပိုင်ဆိုင်ထားပြီး ပြည်သူလူထုနဲ့ တိုင်းပြည်ကိုယ်စား အစိုးရက ဖွဲ့တဲ့အဖွဲ့ ၊ တခြားအဖွဲ့အစည်းတွေကို ပေးအပ်ထားတဲ့ နိုင်ငံတကာအလှူငွေတွေကို ပြည်သူနဲ့ နိုင်ငံကိုလည်း ချမပြပဲ အိတ်စိုက်လုပ်နေရတယ်တို့ ၊ အိမ်နဲ့ခြံရောင်းရတယ်တို့ ၊ ကိုနဲ့ပေါင်းမှ သူလည်း   လူမွဲဖြစ်တော့တယ် တို့ဆိုတဲ့ စကားတွေက သိပ်ဆက်စပ်မှုမရဘူးရယ် … နောက်ပြီး MPC ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးကို  လခ ဒေါ်လာတစ်သောင်း        တောင်ဆို ကြားဖူးတာလေးပြောတာပါ  ။ ဆိုင်ရာလူကြီးမင်းတို့ကတော့ ငြင်းကောင်း ငြင်းမှာပေါ့ ။ အဲလို ငြင်းရင်လည်း ထောက်စရာလေးတစ်ခုတော့ ရှိသေးတယ်။ လခမယူပဲ အိတ်စိုက်လုပ်နေရအောင် အရင် ဒီအ၀တ်အစားတွေမ၀တ်ခင် ၊ ဒီအဖွဲ့ထဲမ၀င်ခင်မှာ ကမ္ဘာ့အဆင်းရဲဆုံး ၊ လာဘ်စားမှုအများဆုံး ထိပ်ဆုံးဇယားက နိုင်ငံတစ်ခုမှာ အခုလို သိန်းသောင်း ဂဏာန်းနဲ့ချီပြီးကုန်ကျနေတဲ့ လုပ်ငန်းများအတွက် ဘယ်လိုများစုထားဆောင်းထား စီးပွါးရှာခဲ့ပါလိမ့်နော် ။ အဲ.. ညောင်မြစ်တူးတာ  ပုပ်သင်ဥပေါ်ပြီလားပဲ ။

 ရှိစေတော့… ကိုတွေ မြန်မာပြည်သူတွေအတွက်ကတော့ နောက်တက်တဲ့ ဘုန်းကြီး ၃ချက်မခေါက်ဖို့ပဲ ဆုတောင်းရမှာပဲ ။ဟိုဘက်လက်နက်ကိုင်တွေဘက်ကပြောတာတော့ ကားလိုချင်လို့ ငြိမ်းချမ်းရေးယူတာ မဟုတ်ဘူးတဲ့။  ဒါဆို မယူနဲ့လေ..ဘာလို့ ယူနေသေးလဲ ။ ကေအိုင်အို တို့ကလည်း ပြောတော့ ကားပါမစ်မလိုဘူးတဲ့ …မြန်မာနိုင်ငံမှာ ပထမဆုံး ရိုးရွိုက်ကားကို ငြိမ်းချမ်းရေးပါမစ်နဲ့ စသွင်းတော့ သူတို့။ ဒီလို..ဒီလို အထာလေးတွေရှိတယ်။သူတို့နယ်မြေထဲက ထွက်သမျှက ပါမစ်ထက်ပိုကောင်းတယ် ထင်တယ်.စစ်ကိုင်းဘက်ကထွက်သမျှ မှောင်ခိုလမ်း သူတို့နယ်မြေထဲ ၀င်တော့ လိုက်ဖမ်းတဲ့ သူတွေနဲ့ ပစ်ကြခတ်ကြ ဖြစ်တယ် ဆိုတဲ့ သတင်း  လေးတွေလည်း ကြားရသေးရဲ့ ။ MPC ကလည်း အပစ် အရင်ရပ်မလား.နိုင်ငံရေးဆွေးနွေးပွဲ လုပ်မလားနဲ့ အချိန်ဆွဲနေတဲ့ UNFC ကို ကြပ်ကြပ် အလိုလိုက်နော်။ အခုဟိုဘက်က တပ်ချုပ်ရာထူးတောင် အလှည့်ကျလုပ်မယ်ဆိုလို့ စစ်တပ်အောက်ခြေက မကျေနပ် ၊ သမ္မတရယ်၊ကုလ အထွေထွေ အတွင်းရေးမှူး၊နိင်ငံခေါင်းဆောင်တွေ၊ပါတီခေါင်းဆောင်တွေ အကုန်လက်မှတ်ထိုးရမယ် သူတို့ဘက်ကတော့ တောထဲက သူပုန်အကြီးစား ဥက္ကဌ ဆိုသူကတော့ သူမလာနိုင်ရင် ဒုဥက္ကဌ လာထိုးမယ်ဆိုလို့ ပညာတတ် တွေကမကျေနပ်နဲ့တော့   ပွဲစဉ်က သိပ်လှတယ်ဗျို့ ။ဒါနဲ့ စကားမစပ်..နေပြည်တော် လွတ်တော်အသိုင်းအ၀ိုင်း သတင်းတွေကနေ ကြားနေရသလို သမ္မတရုံးဝန်ကြီးတွေ ၀န်ကြီးဌာနတွေ အုပ်ချုပ်မှုကို ခဏခဏ ၀င်စွက်တယ် ဆိုတာလည်း မကောင်းဘူးပေါ့ဗျာ ။                
Mr.Copy Cat

No comments: