Pages

 

Monday, May 13, 2013

Myanmar Express ဆိုတာ ကျွန်တော်ပါပဲ [ ဗိုလ်မှူး အောင်လင်းထွဋ် ]

11 comments
Myanmar Express [ http://www.myanmarexpress.net/ ]  ရဲ့ IP များ Server များက အမေရိကန် က ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်  [ http://democraticwave.blogspot.com/2012/06/myanmar-express.html ] ။ တလောက ကနေဒါက ကိုရဲရင့်ငယ် ကလည်း အမေရိကား မှ နေအိမ်ကို ဒီမှာ [ http://www.yeyintnge.com/2013/02/blink-hacker-group-myanmar-express-group.html#.UZFVaUpqgxj ] ဖော်ပြခဲ့ဖူးပါတယ်။  ဒါပေမယ့် ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် တို့ မိသားစု ကိုယ်တိုင်ဖြစ်နေမယ်လို့တော့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး နောက်ပိုင်းမှာ ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် ပျောက်ချင်းမလှ ပျောက်သွားခဲ့တာကို လည်း ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ ဗိုလ်မှူးစိုင်းသိန်းဝင်း ပေါ်လာချိန် နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်းများကိုသာ အားလုံးက စိတ်ဝင်စားနေချိန်ဖြစ်တာကြောင့် ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် အတွက် အခွင့်ရေးကောင်းတွေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းဌာနတွေ ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြတ်တောက်ခဲ့တဲ့အပြင် ရုရှားနိုင်ငံ နဲ့ မြန်မာနိုင်ငံက ဂျူနီယာ စစ်ဗိုလ်များ၊ ယခင် ထောက်လှမ်းရေး အဆက်အသွယ်ဟောင်း များနဲ့ ပူးပေါင်းပြီး သတင်း အချက်အလက်ဟောင်းတွေကို ဖော်ထုတ်ခဲ့တာကိုလည်း Myanmar Express က သတင်းဟောင်း တွေ နဲ့ ဓာတ်ပုံ ဟောင်း တွေ ကို သေချာလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဘယ်နေရာ ဘယ်အခြေအနေပဲရောက်ရောက် စစ်သားက စစ်သားပါပဲ။ အသေချာဆုံးကတော့ ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်အကြောင်း  ရေးထားတဲ့ Myanmar Express က သတင်းတွေ၊ ဆောင်းပါးတွေပါပဲ။ မယုံရင်  ဗိုလ်ချုပ် ခင်ညွန့် မကောင်းကြောင်း comment တစ်ခုလောက် ရေးကြည့်ပါ။ လုံးဝ မတင်ပေးပါဘူး။ တဖက်လက်နှင့် mm.exps@gmail.com ကို invite လုပ်ပြီး အရင်ထောက်လှမ်းရေးအကြောင်းတွေ မေးချိန်မှာလည်း တိတိကျကျ ပြည့်ပြည့်စုံစုံ ပြောနိုင်ပါတယ်။ Myanmar Express မှာ ဦးသိန်းစိန်၊ ဦးအောင်မင်း နဲ့ အခြား ဗိုလ်ချုပ်ဟောင်းတွေရဲ့ သတင်းတွေ အများအပြားတင်နေပေမယ့် ထောက်လှမ်းရေးတွေကို ဖြုတ်ချခဲ့တဲ့ ဦးရွှေမန်းသတင်း အလွန့်အလွန် အတင်နည်းတာကလည်း သတိထားသင့်တဲ့ အချက်တစ်ချက်ပါပဲ။ နောက်ဆုံး စုံစမ်းသိရှိရတဲ့ အချက်တွေအရ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ ရှေ့တပတ်ထဲမှာ ဦးသိန်းစိန်ကိုတောင် ကြိုဖို့လုပ်နေပါတယ်။ လက်ရှိ လူကြီးအတော်များများကလည်း ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ အပတ်စဉ်တူတွေ အလွန်များနေတဲ့အပြင် ဗိုလ်ချုပ် ခင်ညွန့်တောင် ပြန်လွတ်နေပြီဆိုတော့ ဗိုလ်မှူး အောင်လင်းထွဋ်လည်း ဘာမှမဖြစ်ဖို့များပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ် မြန်မာနိုင်ငံ ပြန်ရောက်သွားပြီးနောက်ပိုင်း ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေအကြောင်းကို ဒီထက်ပိုပြီး ဖွင့်ချတာတွေ လုပ်နိုင်ပါတယ်။

 Myanmar Express ဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ $150 USD ရရှိနေပြီး [ www.myanmarexpress.net ] ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ $137,200 USD တောင်ရှိနေပါပြီ။ ဦးအောင်လင်းထွဋ် တို့ မိသားစုမှာ တခြားအလုပ်မရှိပါဘူး၊ အထောက်အပံ့လည်း မရတော့ပါဘူး ဒီဝင်ငွေနဲ့ပဲ လည်ပတ်နေဟန်ရှိပါတယ်။  အခု ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ အဆက်အသွယ် ရနေပြီဖြစ်ပေမယ့် ရှောင်နေတာကြောင့် ဒီသတင်းကိုအရင်တင်လိုက်တာပါ။ ဒီသတင်း ကြောင့် Myanmar Express တစ်ဖွဲ့လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားမှာတော့ ကျိန်းသေပါတယ်။ အခန့်မသင့်ရင် Myanmar Express ဝက်ဆိုက် ကို ဖျက်သွားတာမျိုး၊ သတင်းတွေ ဆက်မတင်တာမျိုးတွေ ထိ တောင် ဖြစ်သွားနိုင်ပါတယ်။ သက်သေ အထောက်အထားတွေနဲ့ ငြင်းလို့မရအောင် ပိုင်တဲ့အချိန်ကျမှ ပြည့်ပြည့်စုံစုံ ဆက်လက်ဖော်ပြပါမယ်။ 


Read more...

Friday, August 24, 2012

ဘယ်လမ်းကြောင်းသွားနေပြီလဲလို့ မေးလိုက်ချင် ? အပိုင်း ( ၂ )

0 comments



အပိုင်း ( ၂ )

ဤနေရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ၊ လွှတ်တော် ( ပြည်သူ့ ၊ အမျိုးသား ၊ ပြည်ထောင်စု ) နှင့် နိုင်ငံတော် သမ္မတ တို့၏ တာဝန်နှင့် ၀တ္တရားကို လေ့လာတင်ပြလိုပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၃၂၂ ရှိ လုပ်ငန်းတာဝန်များမှာ

(က) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို အနက် အဓိပါယ်ဖွင့်ဆိုခြင်း ၊
(ခ) ပြည်ထောင်စု လွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် ၊ပြည်နယ်လွှတ်တော်(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ ဒေသဦးစီးအဖွဲ့တို့က ပြဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ / မရှိ စိစစ်ခြင်း။
(ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ညီညွှတ်ခြင်း ရှိ / မရှိ စိစစ်ခြင်း။
(ဃ) ပြည်ထောင်စု နှင့် တိုင်းဒေသကြီး အကြား ၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အကြား ၊ တိုင်းဒေသကြီး အချင်းချင်း ၊ပြည်နယ်အချင်းချင်း ၊ တိုင်းဒေသကြီး (သို့) ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အကြား ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း။
(င) တိုင်းဒေသကြီး ၊ ပြည်နယ် (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု နှင့် တိုင်းဒေသကြီး ၊ ပြည်နယ် (သို့) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များ နှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း။
(စ)ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း။
(ဆ) ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသည့်ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ။
စသည်တို့ ဖြစ်ကြပါသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၊ အခန်း (၁) ၊ ပုဒ်မ - ၆ ရှိ အခြေခံမူများတွင် --နိုင်ငံတော်သည်
(က) ပြည်ထောင်စု မပြိုကွဲရေး
(ခ) တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး
(ဂ)အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး
(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး
(င) နိုင်ငံတော်၌ တရားမျှတခြင်း ၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ပိုမို ထွန်းကားရေး နှင့်
(စ) နိုင်ငံတော်၏ အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ဖော်ပြပါရှိပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၆ (ဃ) နှင့် ( င) မှာ ပြဌာန်းထားသော ပြဌာန်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ - ၁၁(က) ပါ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ကိုလည်း ဆိုလိုပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၄၈ တွင် `` နိုင်ငံတော် အခြေခံမူ´´ များသည် ဥပဒေပြု လွှတ်တော်များက ဥပဒေပြဌာန်းထားရာတွင် လည်းကောင်း ၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အခြားဥပဒေများပါ ပြဌာန်းချက် များကို သက်ဆိုင်ရာက အနက်အဓိပါယ်ဖွင့်ဆိုရာတွင် လည်းကောင်း လိုက်နာရမည့် လမ်းညွှန်ဖြစ်သည်ဟု ဆိုထားရာ အခန်း (၁) ၊ ပုဒ်မ- ၆ ရှိ အခြေခံမူများသည် ပုဒ်မ - ၁၁ နှင့် ဆက်စပ်နေ၍ အဓိပါယ်ဖွင့်ဆိုရာတွင် များစွာ ကျယ်ပြန့်လေးနက်သော အဓိပါယ်ဖွင့်ဆိုရန် တာဝန်ရှိပါသည်။

ထို့အပြင် ၁၉၇၃- ခုနှစ် ၊ စကားရပ်များ အနက်အဓိပါယ် ဖွင့်ဆိုရေး ဥပဒေ (၁၉၇၃ -ခုနှစ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေ အမှတ် -၂၂ ) အရလည်း စကားရပ် တစ်ခုတည်းကို အဓိပါယ်ဖွင့်ဆိုရာ ရှေ့နောက် စကားတို့၏ အဓိပါယ်နှင့် အညီ သော်လည်းကောင်း ၊ အခြားဆက်စပ်သော ဥပဒေ ၊ နည်းဥပဒေနှင့် အညီ သော်လည်းကောင်း ကျယ်ပြန့်စွာ ကောက်ယူ၍ အဓိပါယ်ဖွင့်ဆိုရန် ဖြစ်ပါသည်။

ယခုခုံရုံး၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲတွင် သီးခြား အဓိပါယ် ဖွင့်ဆိုခြင်း ၊ ပြဌာန်းခြင်း မရှိသော `` ပြည်ထောင်စု အဆင့် အဖွဲ့အစည်း´´ ဆိုသည့် စကားရပ် တစ်ခုတည်းကိုသာ အလေးပေး ဆုံးဖြတ်ထားသဖြင့် ယင်းနှင့် စပ်လျဉ်းသော ဥပဒေ ၊ နည်းဥပဒေများကို မျက်ကွယ်ပြုထား သကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ -၃၂၂ (ခ ) မှာ (စ)အထိတွင် စိစစ်ခြင်း ၊ ဆုံးဖြတ်ခြင်း နှင့် စိစစ်ဆုံးဖြတ်ခြင်း ဟုပါရှိပြီး ပုဒ်မ - ၃၂၂ (က)တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များကို အနက် အဓိပါယ်ဖွင့်ဆိုခြင်း ဟုပါရှိရာ ၄င်းက ၃၂၂ (ခ) မှ (စ) အထိသာ စိစစ်ဆုံးဖြတ်ခွင့်ရှိပါသည်။ ပုဒ်မ - ၃၂၂ (က) တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များကို အနက် အဓိပါယ်ဖွင့်ဆိုပေးရန်သာ တာဝန်ရှိခဲ့သော်လည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် လုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေကြောင်း တွေ့မြင်နေရပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၁၁၄ နှင့် ပုဒ်မ -၁၁၂ (ဃ ) တွင် ပြည်သူ့လွှတ်တော် / အမျိုးသား လွှတ်တော် ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သော်လည်းကောင်း ၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့် ဆောင်ရွက်ရမည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၁၁၅ ( ဃ ) အရ `` ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော် ကော်မတီများ၏ အဖွဲ့ဝင် ဦးရေ ၊ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့် နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်ဟု ဆိုရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၁၁ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ခက်မသုံးဖြာတွင်ပါဝင်သော ဥပဒေပြုရေးမဏ္ဍိုင်၏ အမြင့်ဆုံးအာဏာရထားသော ပုဂ္ဂိုလ်သည် ကော်မတီတို့၏ လုပ်ပိုင်ခွင့် ၊ရပိုင်ခွင့် နှင့် အဆင့်အတန်းတို့ကို သတ်မှတ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ထိုသို့ ပြုလုပ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ဆန့်ကျင်မှု မရှိကြောင်း တွေ့ရပါသည်။ထို့ကြောင့် ၄င်းတို့မှ သတ်မှတ်ပေးထားသော ( ပြည်သူ့ လွှတ်တော် / အမျိုးသား လွှတ်တော်) လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည် ဟု သတ်မှတ်ပေးခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ညီညွှတ် ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း၏ အနက်အဓိပါယ် ဖွင့်ဆိုထားခြင်း မရှိပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါရုံမျှဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ညီညွှတ်မှု မရှိဟု မဆိုနိုင်ပါ။

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ - ၂ (စ) ၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ - ၂ (ဇ) ၊ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ - ၂ (ဇ) ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ- ၂ (ဃ) နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ ၊နည်းဥပဒေ -၂ (ဂ) တို့တွင် `` ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စု အစိုးရ အဖွဲ့ ၊ အမျိုးသား ကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီ ၊ ဘဏ္ဍာရေး ကော်မရှင် ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၊နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ကို လည်းကောင်း ၊ ပြည်ထောင်စု လွှတ်တော် ၊ပြည်သူ့ လွှတ်တော် နှင့် အမျိုးသား လွှတ်တော် တို့က ဖွဲ့စည်းသည့် ကော်မတီ ၊ ကော်မရှင် နှင့် အဖွဲ့တို့ကို လည်းကောင်းဆိုသည် ဟု ဖော်ပြထားရာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးအပ်ထားသည့် အဆင့် ဖြစ်ကြောင်း ပေါ်လွင်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားခြင်း မရှိ၍ `` ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ´´ မဟုတ်ဘူး ဆိုလျှင် ၊ အမျိုးသား ကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီ ၊ ဘဏ္ဍာရေး ကော်မရှင် ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၊နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ကိုလည်း ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားခြင်း မရှိပါ။ သို့ဆိုလျှင် ၄င်းတို့သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ မဟုတ်ဘူးလားဟု မှတ်ယူရမည်ကဲ့သို့ပင် ဖြစ်နေပါသည်။

ဤအချက်ကို လေ့လာသုံးသပ်ရာတွင် လက်ရှိ လွှတ်တော်တွင် ဥပဒေများကို မူအဖြစ်လောက်သာ ပြဌာန်းပြီး နည်းဥပဒေများ ထဲတွင် ပြည့်စုံစွာ ထည့်သွင်းထားသကဲ့သို့ ဖြစ်နေကြောင်းတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် `` ပြည်ထောင်စု အဆင့် အဖွဲ့အစည်း´´ ဟူ၍ တိကျစွာ သတ်မှတ်ထားခြင်း မရှိသော ကြောင့် ၄င်းတို့နှင့် သက်ဆိုင်သော ဥပဒေ ၊ နည်းဥပဒေများတွင် ထည့်သွင်းပြဌာန်းခြင်း ဖြစ်ကြောင်း တွေ့မြင် ရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူ နှင့် ၁၉၇၃ -စကားရပ်များ အနက်အဓိပါယ်ဖွင့်ဆိုခြင်း ဥပဒေ အရ ကျယ်ပြန့်စွာ ကောက်ယူရန် ဥပဒေ ၊နည်းဥပဒေများကို ထည့်သွင်းစဉ်းစားရမည်သာ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ -၄၄၃တွင် ဤဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်ဟု ဆိုထားရာနိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဌာန်းခဲ့သော ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ ၊ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ နှင့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ရေးဆွဲပြဌာန်းခဲ့ကြောင်း ထင်ရှားပါသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ - ၄၄၆ အရ တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုမီ ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟု ဖော်ပြထားရာ အမြင့်ဆုံးအာဏာဖြစ်သည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပယ်ဖျက် ခြင်း မပြုသေး၍ တည်ဆဲဥပဒေဖြစ်ပါသည်။
သို့ပါသောကြောင့် `` ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မတီ ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ် အဓိပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု ရှိကြောင်း´´ တွေ့ရပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက “လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းသည် လွှတ်တော်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို နိမ့်ချရာ ရောက်ပါသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ -၃၂၂ (က )ကို ကျော်လွန်၍ ဆုံးဖြတ်ချက် ချသကဲ့သို့ ဖြစ်သွားကြောင်း ၊ ပုဒ်မ - ၄၄၃ နှင့် ပုဒ်မ -၄၄၆ ကို မျက်ကွယ်ပြုသကဲ့သို့ ဖြစ်သွားကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း နှင့် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် ခြင်းဆိုသည့် ပုဒ်မ- ၃၃၄ကို ကျူးလွန်သကဲ့သို့ ဖြစ်သွားပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ - ၂၀၃ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ -၂၂၈ တွင် ပြည်ထောင်စု အစိုးရသည်
(က) ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်၊ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံ ရမည်။

(ခ) နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်။
ထိုပုဒ်မများတွင် ပါရှိသော စကားရပ်များ၏ အဓိပါယ်ကို လေးနက်ကျယ်ပြန့်စွာလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်လျက်ရှိပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ -၂၀၇ တွင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ နှင့် မဆန့်ကျင် စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော် သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စု လွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း ၊ အာဏာပိုင် ပုဂ္ဂိုလ် တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရxxx ဟု ဆိုထားရာ နိုင်ငံတော် သမ္မတ နှင့် ပြည်ထောင်စု လွှတ်တော် အာဏာ ခွဲဝေမှု တူညီကြောင်း တွေ့ရမည် ဖြစ်ပါသည်။

ယခု လွှတ်တော်ကိုယ်စားလှယ်များ ပြောဆိုနေသည်မှာ ရပိုင်ခွင့် မဟုတ်ဘဲ ၊ လုပ်ပိုင်ခွင့်သာ ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်များကို ဥပဒေတွင် ပြဌာန်းပြီး ဖြစ်သော်လည်း အဆိုပါအချက်များကို လေးစားလိုက်နာ ရန်လိုအပ်လျက် ရှိနေပါသည်။ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာစေရန်နှင့် လွှတ်တော် ခိုင်မာ တည်မြဲစေရန် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ- ၁၁ ပါ အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုစနစ်ပျောက်ဆုံးသွားပါက ဒီမိုကရေစီစနစ် ပြိုလဲသွားမည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်၏ ဂုဏ်သိက္ခာ ၊ လွှတ်တော်၏ ဂုဏ်သိက္ခာအတွက် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စု အဆင့်မှ နေ၍ ပြည်သူလူထု၏ အကျိုးစီးပွားကို ဆောင်ရွက်နေရသောကြောင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းသာ ဖြစ်ထိုက်ကြောင်း တွေ့ရှိရပါသည်။

ရိုးသားစွာတင်ပြလိုသည်မှာ
(၁)ပြည်ထောင်စု အစိုးရမှ လွှတ်တော်တွင်း မေးခွန်းများ ၊အဆိုများကို ဆွေးနွေးရာတွင် အချိန်အခက်အခဲ ကြောင့်လား ။
(၂)မေးခွန်းများ မေးမြန်းရာတွင် နောက်ထပ် ထပ်ဆင့်မေးခွန်းများကို တစ်ထိုင်တည်းဖြေဆိုရန် ခက်ခဲလို့လား
(၃) ကော်မတီ ၊ ကော်မရှင်များ၏ ဖိတ်ကြား ဆွေးနွေးမှုများတွင် အခက်အခဲတွေ့ကြုံနေရလို့လား။
(၄) လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို ကျေနပ်မှု မရှိလို့လား
(၅) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေမှာပါဝင်တဲ့ ပြဌာန်းချက် အချို့ကို ပြည့်စုံစွာ မလေ့လာမိလို့လား။
(၆) လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျေနပ်မှု မရှိ၍လား။
(၇) လွှတ်တော်ကကော အစိုးရကို သိပ်ဖိအားပေးနေသလို ဖြစ်နေသလား ။
(၈) အစိုးရက လွှတ်တော် ဆွဲခေါ်ရာနောက်ကို လိုက်ဖို့ ခက်ခဲနေလို့လား
စတဲ့ စတဲ့ မေးခွန်းများစွာပေါ်ပေါက်လာပါတယ်။

ပြည်ထောင်စုအစိုးရ နဲ့ ၊လွှတ်တော်များကပုဂ္ဂိုလ်စွဲ ၊ ၀ါဒစွဲ ၊ အဖွဲ့အစည်းစွဲမထားဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် ၊ နိုင်ငံတော် နှင့် နိုင်ငံသားများအတွက် ၊ ဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် အဆိုပါ ပြသနာကို အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။

ဒီပြသနာ၏ အရင်းအမြစ်ကို ဖြစ်ပွားစေသော ပြည်ထောင်စု အစိုးရနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည မည်သည့်လမ်းကြောင်းကို သွားနေခြင်း ဖြစ်ပါသလဲ။လွှတ်တော်က ဘယ်လမ်းကြောင်းကို သွားနေပါသလဲ။ တန်းတူရည်တူ အခွင့်အရေး၇ထားသော ပြည်ထောင်စု အစိုးရ နှင့် လွှတ်တော်ကြားတွင် တောင်မှ ဥပဒေအရ ပေးအပ်ထားသော လုပ်ပိုင်ခွင့် ၊ အခွင့်အရေးကို မရရှိခြင်းသည် ပြည်သူပြည်သားများ ၊ တိုင်း၇င်းသားများအတွက်ကော တည်ငြိမ်မှု ၊ ထာဝရငြိမ်းချမ်းမှု ရရှိနိုင်ပါ့မလား စသည့် စသည့် မေးခွန်းများစွာ ပေါ်ပေါက်လာ၍ ဒီဆောင်းပါးကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

ref : http://myanmarstatesman.blogspot.com/

Read more...

Thursday, August 23, 2012

သို့.. အာဏာရူးနေသော လွှတ်တော် အမတ်ကြီးများ... ပြည်ထောင်စု အဆင့်မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်လို့ ရပါတယ်.. လွှတ်တော်ထဲ ဝင်လာတာ ပြည်သူ့အတွက်လုပ်ဖို့လား၊ ပြည်ထောင်စုအဆင့် လိုချင်လို့လား

1 comments
သို့.. အာဏာရူးနေသော လွှတ်တော် အမတ်ကြီးများ... ပြည်ထောင်စု အဆင့်မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်လို့ ရပါတယ်.. လွှတ်တော်ထဲ ဝင်လာတာ ပြည်သူ့အတွက်လုပ်ဖို့လား၊ ပြည်ထောင်စုအဆင့် လိုချင်လို့လား ဆိုတာ ပြန်သုံးသပ်ကြပါ...။ ကော်မရှင်တွေ၊ ကော်မတီ တွေ ပြည်ထောင်စု အဆင့် မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အများကြီး လုပ်လို့ရပါတယ်။ အခု နိုင်ငံတစ်နိုင်ငံလုံးမှာ ရေတွေကြီးနေပါတယ်..၊ လူတွေသေနေပါတယ်...။ ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်နေပါတယ်။ ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်များက နေပြည်တော်က အဲကွန်းခန်းထဲမှာ ပြည်ထောင်စု အဆင့် ရဖို့ လုံးပန်းနေကြပါတယ်။ အာဏာ မက်မောနေကြပါတယ်၊ ကန့်ကွက်နေကြပါတယ်၊ ပြည်သူတွေက ရွေးထားတဲ့ လွှတ်တော်အမတ်တွေကို ပြည်သူတွေက စိတ်ပျက်လှပါပြီ။ လွှတ်တော် ကိုယ်စားလှယ်လောင်း ဘဝ တုန်းက လွှတ်တော်အမတ်ဖြစ်ဖို့ မဲဆွယ်ခဲ့ကြတယ်မဟုတ်လား.. အမတ်ဖြစ်ရင် ပြည်သူအတွေအတွက် ဘာဥပဒေ တွေ ပြန်ဌာန်းမယ် ပြောခဲ့တယ် မဟုတ်လား... အခု အမတ်ဖြစ်ပြီ။ လွှတ်တော် ဆိုတာ ဥပဒေ ပြုရေး မဏ္ဍိုင် မဟုတ်ဘူးလား.. ဥပဒေ ပြုပေးရုံနဲ့ မကျေနပ်နိုင်ပဲ ပြည်ထောင်စု အဆင့် အာဏာလိုချင်တယ်ဆိုတော့ လွှတ်တော်အမတ်တွေက အာဏာ ရူးနေတယ်လို့ သက်သေပြနေသလို ဖြစ်မနေဘူးလား...။ အခု ဖြစ်နေတဲ့ ထဲမှာ ဘယ်ပါတီ အများဆုံးလဲ... အဲဒီပါတီက အာဏာ အရူးဆုံး ဆိုတာ ထင်သာ မြင်သာ တာပဲ...။ လွှတ်တော် ဥက္ကဌကြီးများနဲ့ လွှတ်တော်အမတ်ကြီးများခင်များ... လွှတ်တော် တစ်ရပ်ကျင်းပရင် လွှတ်တော်အမတ်ပေါင်း ၇၀၀ အတွက် ကုန်ကျစရိတ် များလှပါတယ်.... တစ်နှစ်ကို နှစ်လ လောက်ပဲ လွှတ်တော် ကျင်းပကြပါ... အထူးသဖြင့် အခုလို ပြည်သူတွေ သဘာဝ ဘေးအန္တရာယ် ကြုံနေရချိန်မှာ လွှတ်တော် မကျင်းပသင့်ပါ...။ လွှတ်တော် အမတ်မင်းများ အနေနဲ့လည်း ကိုယ့်ကိုယ်ကို ပြည်ထောင်စု အဆင့် ဝင်ဖို့ ကြိုးစားနေတာတွေ ရပ်ပါ။ ပြည်ထောင်စု အဆင့် သတ်မှတ်ခံရလည်း အဲဒီ ကော်မတီ၊ ကော်မရှင် ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေကို ပြည်ထောင်စု အဆင့်ပါဆိုပြီး ဘယ်သူက မှ အထင်မကြီး ပါဘူး။ လွှတ်တော် အမတ်ကို လွှတ်တော် အမတ်တစ်ယောက်လို့ပဲ မြင်ပါတယ်။ လွှတ်တော် အသံ ပြည်သူ့ အသံ လို့ ဆိုင်းဘုတ် ကပ်ထားပေမယ့်... လွှတ်တော် ထဲက ကော်မတီ ကော်မရှင်တွေကို ပြည်ထောင်စု အဆင့် သတ်မှတ်ဖို့ ဘယ်ပြည်သူက မှ မတောင်းဆိုပါဘူး။ လွှတ်တော် အမတ်တွေလည်း မီဒီယာ သမားတွေနဲ့ မထူးပါဘူး။ မီဒီယာသမားတွေက ပြည်သူ့အသံ ဆိုပြီး ကိုယ့်စိတ်ထဲ ရှိတာရေးတယ်၊ လွှတ်တော်အမတ်တွေကလည်း ပြည်သူ့ဆန္ဒဆိုပြီး ကိုယ်ဖြစ်ချင်တာ နဲ့ ကိုယ်အာဏာ ရဖို့ လုံးပန်းတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ဦးတည်ပြီး သူများနိုင်ငံတွေ အထင်ကြီးနေချိန်မှာ လွှတ်တော် အမတ်တွေ အာဏာ လုနေတာ အလွန်အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အာဏာမလုကြပါနဲ့၊ အဲကွန်းခန်းထဲကထွက်ပြီး ဧရာဝတီ မြစ်ကြောင်း အတိုင်း သဘောင်္စီးလာခဲ့ပါ အမတ်မင်းတို့ ပြောတဲ့ ပြည်သူတွေရဲ့ ဆန္ဒ အမှန်တွေကို မြင်တွေ့ရပါလိမ့်မယ်....။

Read more...

Wednesday, August 22, 2012

ထူးချွန်သည့် မွန်လူမျိုး သတင်းထောက်မှ Myanmar Express တည်ထောင် သူ၏ ဓာတ်ပုံကို ဖော်ထုတ်နိုင်ခဲ့

10 comments
ထူးချွန်သည့် မွန်လူမျိုး သတင်းထောက်မှ Myanmar Express တည်ထောက်သူ၏ ဓာတ်ပုံကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သတင်းအပြည့်အစုံကို  http://www.phophtaw.org/burmese/index.php/2012-04-04-10-49-44/2038-2012-08-21-06-36-30.html မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


Online_ccဗမာ လူမျိုးကြီးဝါဒီ၊ နာဇီလက်သစ်၊ မူဆလင် မုန်းတီးရေးသမား၊ ဗိုလ်သန်းရွှေ၏ အတိုက်အခံ နှိမ်နင်းရေးအတွက် လက်သပ် မွေးထားတဲ့လူယုံ၊ စစ်ခွေး အကြီးစား၊ အင်တာနက် စာမျက်နှာများတွင် အတိုက်အခံ နိုင်ငံရေး သမားများအား မီဒီယာစစ်ဆင် ရေးလုပ်နေသော Myanmar Express website ၏ ပင်တိုင်ဆောင်းပါးရှင်၊ ကလောင်အမည်အမျိုးမျိုးဖြင့် အစိုးရသတင်း စာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချ ဆောင်းပါးများ ရေးသားနေသူ၊ ဦးနေ၀င်း၏ မြေးများထံတွင် လက်တိုလက်တောင်း အခိုင်းခံ ခစားပြီး လိုအပ်လျှင် ၎င်းတို့အတွက် လူမိုက်လုပ်ပေးတတ်သူ၊ သူဝင်ထွက် ပတ်သက်နေရသည့် အရပ် ဖက်ဌာနများမှ အရာရှိကြီးငယ်များ၏ ဇနီးများကို ကြာကူလီရိုက်တတ်သူ၊ …….
အရာရှိငယ်ဘ၀က ရှေ့တန်းစစ်မျက်နှာတွင် မုဒိန်းမှုများစွာ ကျူးလွန်ထားကြောင်း တိုင်းရင်းသား လူ့အခွင့်အရေး စောင့် ကြည့်လေ့လာရေး အဖွဲ့များ၏ မှတ်တမ်းများတွင် ရှေ့ဆုံးမှ မှတ်တမ်းတင်ခြင်းခံရသူ၊ ရွှေဝါရောင်တော်လှန်ရေး ကာလအ တွင်း ငွေကြာယံ၊ သာကေတရှုခင်းသာ ဘုန်းကြီးကျောင်းများ ၀င်စီးရာတွင် အပြစ်မဲ့ အရပ်သားများ၊သံဃာတော်များကို ရက်ရက်စက်စက် ပစ်သတ်ခဲ့သူ၊ ဆန္ဒပြသူများကိုဖမ်းဆီးပြီး အင်းစိန်GTCတွင် ချုပ်နှောင်ကာ စစ်ဖိနပ်ဖြင့် မျက်နှာတည့် တည့်ကန်ကျောက်နှိပ်စက်ခဲ့သူ၊ စစ်ထောက်လှမ်းရေးခေတ်ကောင်းစဉ်က လားဟူ၊ ကိုးကန့် အဖွဲ့များနှင့်ပေါင်းကာ ဘိန်းဖြူ မှောင်ခို အကြီးအကျယ်ကူးခဲ့သူ၊ …………..
နာဂစ်မုန်တိုင်းကာလအတွင်း နိုင်ငံတကာမှလှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြည်တွင်းမှလှူဒါန်းငွေများကို ကြား ဖြတ် အချောင်ဝင်နှိုက်ခဲ့သူ၊ ကရင်ပြည်နယ်အတွင်း ၎င်းအမိန့်ဖြင့် အကြောင်းမဲ့သက်သက် မီးရှို့ဖျက်ဆီးခံခဲ့ရသော ရွာပေါင်း ၂၀ ခန့်ရှိ၊ ရုရှားသို့ ပညာတော်သင် အကြောင်းပြချက်ဖြင့် ထွက်ခွာပြီး ရုရှားတွင် ကျောင်းမတက်ပဲ တနေကုန် အွန်လိုင်း ထိုင် ပြီး နိုင်ငံတကာသို့ ရောက်နေသော မိန်းခလေးများကို မြူဆွယ်ဖျက်ဆီးနေသောသူ၊ သူနှင့် ပတ်သက်မိသည့် မြန်မာ မိ ကောင်းခင်သမီးငယ်များမှာ အပျိုရည်ဖျက်ဆီးခံရသည့်အပြင် ဗီဒီယို၊ ဓာတ်ပုံများ ရိုက်ကူး၍ အင်တာနက်ပေါ်တွင် အရှက်ခွဲ မည်ဟု ခြိမ်းခြောက်ငွေညှစ်ခံရခြင်း၊ မပေးနိုင်ပါက ညစ်ညမ်းဝက်ဆိုက်များတွင်တင်၍ အရှက်ခွဲခြင်းကြောင့် ယမန်နှစ်က နိုင်ငံခြားတွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သွားသော မိန်းခလေးများစွာရှိခဲ့……………………..
 အကြောင်းမသိလျှင် စကားအပြောအဆို အလွန်ယဉ်ကျေးသိမ်မွေ့သည်ဟု ထင်ရပြီး ရိုင်းစိုင်းစွာပြောဆို တတ်သည့်နေ ရာတွင် ငါးစိမ်းသည်၊ပြည့်တန်ဆာမကတောင် အရှုံးပေးရမတတ် ညစ်ညမ်းစွာ ဆဲဆိုတတ်သူ၊ ရုပ်ချောသလောက် အရှက် မရှိလိမ်ညာကြွားဝါတတ်သူ၊ ပျိုပျိုအိုအို ရသမျှအပိုင်ချိုင်တတ်သည့် ပိုင်းလုံးအကြီးစားတစ်ဦးဖြစ်သည့်အပြင် ယခုဖြစ်ပေါ် နေသော ရခိုင်အရေးအခင်း ဆူပူအုံကြွမှုများ၏ နောက်ကွယ်မှ အဓိကလက်သည် တရားခံ၊ ရိုဟင်ဂျာဆန့်ကျင်ရေး အမည်ခံ ကာ အစ္စလာမ်ဘာသာကို အကောင့်ခွဲပေါင်း မြောက်မြားစွာအသုံးပြု၍ စော်ကားနေသော စနေဂိုဏ်း၊ ဘာဘာစားသောက် ဆိုင်စသည့် အဖွဲ့များ၏ ခေါင်းဆောင်၊ ကုလားခေါင်းဖြတ်ဂိုဏ်းပိုင်ရှင်၊ မူဆလင်ဟန်ဆောင်၍ ဗုဒ္ဓဘာသာကို ပြန်စော်ကား နေသောသူ၊ စစ်အရေခွံချွတ်သိန်းစိန်အစိုးရ၏ လက်ကိုင်တုတ် မူလလက်ဟောင်း စစ်ခွေး ဒုတိယဗိုလ်မှူးကြီးရာ ထူးအ ဆင့်ရှိသည့် မြတ်သိန်းထွန်း၏ ဗိုလ်လောင်းဘ၀က ဓာတ်ပုံ……………………..
မကြာခင် ထူထောင်မည့် ဒီမိုကရက်တစ် ရိုဟင်ဂျာစော်ဘွားနိုင်ငံတော်၊ Syahida နေပြည်တော်တွင် စိုးစံမည့် ရိုဟင်ဂျာ စူ လတန် အလီဘာဘာ အာလာဒင် မူဂျာဟေဒင် ဘုရင်မင်းမြတ်အလောင်းအလျာ မြတ်သိန်းထွန်း၏ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ဖြစ်ပါသည်။ သက်ဆိုင်သူများ ကြိုတင်ဖူးမျှော်မြတ်နိုးခွင့်ရရှိစေရန်အလို့ငှာ တတ်နိုင်သလောက် များများရှယ် ပေးကြပါ။...ဟီးဟီး
https://www.facebook.com/photo.php?fbid=125823720896101&set=a.114422588702881.29237.100004054221498&type=1&theater
အဲဒီထဲမှာ ဂျာဂျာတို့ရေးတာ ဖတ်မကောင်းလို့ ကိုယ့်ဘာသာပြန်ရေးလိုက်တာ မိုက်တယ်နော် ဒေါက်တာလှိုင်မြင့်တောင် ထိုင်ငိုသွားမယ် 

Read more...

ဘယ်လမ်းကြောင်းသွားနေပြီလဲလို့ မေးလိုက်ချင်? (ပေးစာ)

1 comments

အပိုင်း ၁
    ၂၁.၈.၂၀၁၂ ရက်နေ့မှာ အလွန်ထူးခြားဆန်းကျယ်တဲ့ အတွေးပေါင်း များစွာတွေးရမယ့် သတင်းကြီး (၃) ခု တွေ့ သိလိုက်ရလို့ မြန်မာနိုင်ငံရေး လမ်းကြောင်းကို လွန်စွာ စိတ်ဝင်စားလို့ ဒီအကြောင်းရေးလိုက်တာပါ။

(၁) နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော်ထံပေးပို့လိုက်တဲ့ သဝဏ်လွှာ
(၂) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ ပေးပို့လိုက်တဲ့ သဝဏ်လွှာ
(၃) ဖွဲ့စည်းပုံအခြေဥပဒေဆိုင်ရာ ခုံရုံးက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အစိုးရက လွှတ်တော်အပေါ်မှာ ဘယ်လို သဘောထားသလဲ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကိုကော ဘယ်လိုသဘောထား သလဲဆိုတာကို ပြုပြင်ပြောင်းလဲရေး လိုလားသူအနေနဲ့ အခြေအနေ အရပ်ရပ်ကို လေ့လာသုံးသပ်မိပါတယ်။

    နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ သြဂုတ်လ ၂၀ ရက်စွဲဖြင့် သဝဏ်လွှာ တစ်စောင်ပေးပို့ ခဲ့ပါသည်။ ထိုသဝဏ်လွှာတွင် “နိုင်ငံတော် သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းရန် အကြံပြုချက်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားလိုပါကြောင်း၊ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်ဟု သတ်မှတ်ပြောကြား နေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ ကော်မတီ၊ ကော်မရှင်၊ အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စု အဆင့်နှင့် လျော်ညီသည့် ငွေကြေး ကိစ္စများ နှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် စီမံဆောင်ရွက်ပေးရန် တာဝန်ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွှတ်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်း ရှိ၊ မရှိ တိကျရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အသီးသီးဆိုသည့် စကားရပ်ကို အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်း မေးမြန်းခဲ့ခြင်း ဖြစ်ပါကြောင်း” လို့ ပါရှိပါသည်။

    နိုင်ငံတော် သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၄) ရက်စွဲ ဖြင့်ပေးပို့သော သဝဏ်လွှာတွင် “နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ရက်စွဲပါ စာအမှတ် ၃/ညမ (၁) ၃ - ၁ (၉၂) နပတ (၇၂) အရ တင်သွင်းခဲ့သော တင်သွင်းလွှာ အပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုဖြစ်သော ကိုယ်စားလှယ်ပေါင်း ၃၀၁ဦးက ကျေနပ်လက်ခံနိုင်ခြင်း မရှိသည့်အတွက် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ ၂၀၁၂၊ သြဂုတ်လ (၈) ရက်နေ့တွင် လွှတ်တော် အခွင့်အရေးကော်မတီမှ တဆင့် ဒုတိယအကြိမ် အဆိုပြု တင်ပြလာပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် (၅) အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင့် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန်တင်ပြလာခြင်း ဖြစ်ကြောင်း” လို့ပါရှိပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက “လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ် ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ် အတည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည့် အပြင် အဆိုပါ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးနေခြင်းအား ၎င်းက ကန့်ကွက် ခဲ့ပါသည်။

အဆိုပါ သ၀ဏ်လွှာများကို လေ့လာရာတွင် အစိုးရနှင့် လွှတ်တော်ကြား အဓက သဘောကွဲလွဲချက်ကို ထင်ရှားစွာ တွေ့ရှိရလေသည်။ နိုင်ငံတော်အစိုးရက `ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့သည် ပြည်ထောင်စု အဆင့် ဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသော ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်ပေးရန် တာဝန်ရှိလာမည် ဖြစ်ပါကြောင်း´ ဟု သ၀ဏ်လွှာ တွင် ဖော်ပြထားရာ ၎င်းတို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ပြည်ထောင်စုအဆင့်နှင့် လျော်ညီသော ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရမည်စိုးသောကြောင့် ထိုကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ကြောင်း     အကြောင်းပြပါသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှာ အဓိကအားဖြင့် ဥပဒေက ပြဋ္ဌာန်းသတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်များကို ပြောဆိုနေခြင်း ဖြစ်ပါသည်။ ရပိုင်ခွင့်များကို တောင်းဆိုခြင်း မဟုတ်ပါ။ ဤအချက်သာလျှင် အစိုးရနှင့် လွှတ်တော်ကြား အဓိက သဘောကွဲလွဲချက် ဖြစ်ပါသည်

လွှတ်တော်များဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် အခွင့် အရေးနှင့် ရပိုင်ခွင့် တစ်သတ်မှတ်တည်း သတ်မှတ်ပြီးသား ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အထွေအထူး တောင်းဆိုနေစရာ မလိုပါ။

ယခုလွှတ်တော်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှာ များသောအားဖြင့် မိမိကိုယ်ကို မိမိ ရပ်တည်နိုင်ခဲ့သူများ ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များမှာ မိမိတို့၏ ခိုင်မာသော စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေးကို စွန့်ခွာ၍ လွှတ်တော်သို့ လာရောက်ကြခြင်း၏ ရည်ရွယ်ချက်မှာ လွှတ်တော်တွင်းမှနေ၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိရောက်စွာ ပြုလုပ်နိုင်ရန်၊ အာဏာ (၃) ရပ်ကို အပြန်အလှန် ထိန်းကျောင်းနိုင်ရန်၊ နှစ်ပေါင်း ၅၀ ကြာ ၀န်းအစည်းပြေနေသကဲ့သို့ ဖြစ်နေသော တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြန်လည်ထူထောင်ရန်၊ ထာဝရငြိမ်းချမ်းရေးရ၍ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ရရှိစေရန်တို့ ဖြစ်ပါသည်။

ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှာ- ညွှန်ကြားရေးမှူးလောက်တောင် အဆင့် မရှိကြပါ။ ညွှန်ကြားရေးမှူးတောင်မှ နိုင်ငံတော်အစိုးရက လုံးချင်းအိမ်ရာ၊ တိုက်ခန်း၊ ကားများ ပေးထားပါသေး သည်။ လွှတ်တော်ကိုယ်စားလှယ်များမှာ နေတော့ အဆောင်၊ စားတော့ နေရာအမျိုးမျိုး၊ သွားတော့ လမ်းလျှောက်ဖြစ်နေခြင်းကို အစိုးရနှင့်တကွ မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ပါဝင်စားမှု မရှိကြပါ။ ဒါကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်နှင့် နိုင်ငံသားအတွက်လာတာပဲ၊ ပြည်သူတွေရဲ့ အကျိုး စီးပွားအတွက်ပဲဟု ခံယူပြီး ကိုယ့်ငွေကိုယ်ထုတ် ကိုယ့်အိတ်ကတ်ကို စိုက်ပြီး လာခဲ့ခြင်း ဖြစ်ပါသည်။

လွှတ်တော်ထဲရောက်တော့ ရုံးဝန်ထမ်း လုံလောက်မှုမရှိ၊ လိုအပ်သော စက်ပစ္စည်း ကိရိယာများ လုံလောက်မှု မရှိဘဲ ရေကိုတောင် ခွဲတမ်းနှင့် ရယူနေခြင်းဆိုတာကို အစိုးရက သိပါလေစလို့ မေးလိုက်ချင် ပါတယ်။ `ရုံးဝန်ထမ်း နေရာတွေမှာ ကိုယ်စားလှယ်တွေကိုယ်တိုင် ၀င်လုပ်၊ စက်ပစ္စည်းကိရိယာတွေကို ကိုယ်စားလှယ်တွေက အချိုးကျ ထည့်ဝင် ၀ယ်သုံး´၊ ဥက္ကဋ္ဌကြီး ကိုယ်တိုင် မိမိကိုယ်ပိုင် ငွေထဲမှ ထည့်ဝင်၍ လွှတ်တော်လှည့်ပတ်နေခြင်းသည် ကမ္ဘပေါ်တွင် မြန်မာတစ်နိုင်ငံသာ ရှိမည် ထင်ပါသည်။

ယခင် ပထမ/ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတုန်းက မေးခွန်းများ၊ အဆိုတင်တွင်းရာတွင် လွှတ်တော်သို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက တစ်လေးတစ်စား လာရောက်ဖြေဆို ဆွေးနွေးခဲ့ကြ ပါသေးသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ကလည်း ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီး ငွေစာရင်း အစီရင်ခံ စားကို တင်ပြခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏ အခမ်းအနားသို့လည်းကောင်း၊ ဂုဏ်သိက္ခာရှိရှိ၊ အင်္ဂါစဉ်နှင့်အညီ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ခုံရုံးက ` လွှတ်တော် (ပြည်သူ့/ အမျိုးသား၊ / ပြည်ထောင်စုဝအသီးအသီး ဖွဲ့စည်းထးသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပါယ် ဖွင့်ဆို ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း´ ဆုံးတ်ဖြတ်ချက်သည့် အပေါ်တွင် ပြည်ထောင်စုဝန်ကြီးများနှင့်အစိုးရများမှ လွှတ်တော်အပါအပေါ်တွင် အလေးအနက်ပြုမှု မရှိတော့ ခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ၀န်ကြီးဌာန အသီးသီး၏ ငွေစာရင်း အစီရင်ခံစာကို မပို့တော့ခြင်း၊ ကော်မတီမှပေးပို့သော တိုင်စာနှင့်အခြားစာများအပေါ် အရေးယူ ဆောင်ရွက်မှု မရှိခြင်း/ ကော်မတီတွင်း ဆွေးနွေးမှုပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဖိတ်ကြားရာတွင် အခက်အခဲ ကြုံတွေ့ခြင်း စသည်တို့ဖြင့် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁ ပါ (က) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုရာမှာ လွန်စွာ ခက်ခဲနေပါသည်။ အပြန်အလှန် ထိန်းကျောင်းမှုမရှိခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို လိုလားသော ပြည်သူများကိုယ်စား  ပျောက်ဆုံးသွားမည်ကို လွန်စွာ စိတ်ပူနေမိပါသည်။ အဆိုပါ အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်ကို အာဏာ (၃) ရပ်လုံးက လက်ခံ ကျင့်သုံးမှ ဒီမိုကရေစီစနစ် ရှင်သန်မည် ဖြစ်ကြောင်း တင်ပြလိုပါသည်။


Read more...

Tuesday, June 26, 2012

နိုဘယ်လ်ဆုအတွက် သံတမန်ခရီး

0 comments

သတင်းထောက် ကျော်ဝင်း

          ဦးစိုးသိန်း စက်မှုဝန်ကြီး၏ နော်ဝေနိုင်ငံခရီးစဉ်သည် ကောင်းကျိုးပေးမလား၊ ဆိုးကျိုးပေးမလား၊ သမ္မတနှင့် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့အတွက် အကျိုးကျေးဇူးကောင်းရနိုင်မည်။ မြန်မာပြည်သားတွေ အတွက် ကောင်းကျိုးမရနိုင်။ ဆိုးကျိုးသာရမည်။ မြန်မာဝန်ကြီးနှစ်ပါး နော်ဝေနိုင်ငံသို့ နှစ်လအတွင်း နှစ်ခေါက်သွားသည်။ မြန်မာပြည်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ငြိမ်းချမ်းရေးအတွက် အကူအညီ ရရေးဟု အကြောင်းပြလိမ့်မည်။ အမှန်က သမ္မတကြီး နိုဘယ်လ်ဆုရရေး သွားရောက်ကြိုးပမ်းခြင်းသာ ဖြစ်ဖို့များသည်။ နော်ဝေနိုင်ငံထက် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် နိုင်ငံများစွာရှိသည်။ နော်ဝေနိုင်ငံထက် ငြိမ်းချမ်းရေးအကူအညီပေးနိုင်သည့် နိုငံများစွာရှိသည်။ ဘာလို့မသွားသလဲ? စဉ်းစားစရာရှိသည်။

          နော်ဝေက နိုဘယ်လ်ဆုပေးနေသောနိုင်ငံမို့လား။ နိုဘယ်ဆုပေးရန် စာရင်းပြုစုသူမဟုတ်လား။ မကြာမီက အထင်ပေါ်ဆုံး၊ လူကြိုက်များတဲ့စာရင်းမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့နာမည် ထည့်သွင်းကြေညာ ခံထားရပြီလေ။ နိုဘယ်လ်ဆုကိုလှမ်းမျှော်မှာပေါ့။ ဦးစိုးသိန်းခရီးစဉ်သည် ဒေါ်စုကြည် နော်ဝေခရီးစဉ်နှင့် ချိန်ကိုက်ဖြစ်နေသည်မှာလည်း တိုက်ဆိုင်ခြင်းတော့မဖြစ်နိုင်ပါ။ အစီအစဉ်ဖြင့်ပြုလုပ်ခြင်းဖြစ်မှာ ဧကန် မလွဲပါ။ ဒေါ်စုကြည်၏အားကိုယူမည်၊ ဒေါ်စုကြည်ထောက်ခံချက်လိုမည်။ ဒီလိုစီစဉ်မှ သမ္မတကြီးအတွက် နိုဘယ်လ်ဆုစာရင်းဝင်ဖြစ်မည်။ ဦးစိုးသိန်းကလည်း အောင်သွယ်ကောင်းသည်။ အနောက်အုပ်စုကလည်း ပေးချင်ချင်၊ ဒီဖက်ကလည်း ရချင်ချင်နဲ့တော့ ဟန်ချက်ညီနေတာပဲ။

          ဦးစိုးသိန်းတို့ကလည်း မျက်နှာရလိုသည် အနောက်နဲ့ မရမကဆက်ဆံလိုသည်။ အနည်းဆုံး အင်္ဂလန်မှာထားသော သူ့သားသမီများအတွက် အဆင်ချောနိုင်သည်။ သူ့သားသမီး (၂)ဦးက အင်္ဂလန် နိုင်ငံသားတောင်ခံယူထားသည်ဟု သိရသည်။ သို့သော် ဦးစိုးသိန်းက လျှို့ဝှက်ထားသည်။ ထပ်မံရနိုင် ဖွယ်ရာက သူတို့ပါ အနောက်အုပ်စုက သူကောင်းပြုနိုင်ဖွယ်ရှိသည်။ နိုဘယ်လ်ဆုနောက်ဆက်တွဲစာရင်း ၀င်လာနိုင်သည်။ ဤကဲ့သို့ပင် ၎င်းတို့ကြိုးပမ်းနေသည်မှာ အလွန်ရှင်းလှပါသည်။

          ဦးစိုးသိန်းတို့အုပ်စုသည်ကား အနောက်အုပ်စု၏အလိုကျ ဘာမဆိုလုပ်တော့မည့်ဘ၀ ရောက်နေ ပေပြီ။ သူတို့သည် ပြန်နှုတ်မရနိုင်လောက်အောင် ကျွံနေပြီ။ တစ်ကိုယ်ကောင်းဆန်သူ၊ တတ်ယောင်ကား တို့၏ လောဘဆန္ဒကို တားမရတော့ပါ။ သူတို့ဝန်းကျင်မှာ ၀ိုင်းရံနေသူများသည် သူတို့အား ကောင်းကောင်းကြိုးကိုင်ထားနိုင်ပြီလို့ ပြောရတော့မည်။ ဒီတော့ ဘာဖြစ်မှာလဲ။ သမ္မတကြီးနှင့် အနီးကပ် ရှိနေသူများကို အနောက်အုပ်စုလို့ခေါ်မလား? ၊ စီအိုင်အေလို့ခေါ်မလား? ၊ ထိုသူတို့တွေက လိုသလို အသုံး ပြုနိုင်သည်။ မြန်မာပြည်ဟာ ဒုတိယ ရုရှားအင်ပါယာပြိုကွဲသလိုဖြစ်မလား? ၊ ၁၉၄၈ ခု လွတ်လပ်ရေးရပြီး ၆၄ နှစ်ကြာနောက်ပိုင်းမှာ အနောက်အုပ်စု၏ သခင်ပေါင်းစုံကျွန်ဖြစ်မလား? ၊ တိုင်းရင်းသည်းစည်းလုံးမှု ပြန်ရခါနီးဆဲဆဲမှ တဖန် အစိတ်စိတ်ပြိုကွဲတော့မလား? ၊ တိုင်းပြည်နှင့်ပြည်သှု့အနာဂတ်ရေးသည် အလွန် စိုးရိမ်စရာဖြစ်တော့မည်။ အရှေ့၊ အနောက် နယ်မြေလွှမ်းမိုးနိုင်ရေးပြိုင်ပွဲမှာ မြန်မာတို့မြေစာပင်ဖြစ်တော့ မည့်ကိန်း ဆိုက်နေသည်။ ရှေးလူကြီးများထားခဲ့သော ဒို့တာဝန်အရေးသုံးပါးဟာ သမိုင်းမှာကျန်ရစ် နေပေတော့မည်။
Read more...

Monday, June 25, 2012

အရောင်စုံပြောင်းသောသူများအကြောင်း၏ အဆက်ဖြစ်ပါသည်။

0 comments


အားလုံးမဟုတ်ပါ။ အချို့သာဖြစ်သည်။ အတ္တကြီးလွန်းသူ၊ ကိုယ်ကျိုးစီးပွားကို သာမန်ထက် လိုအင်ဆန္ဒကြီးသူများ၊ သတ္တိနည်းသူများ(သတ္တိရှိချင်ယောင်ဆောင်သူများ)၊ မြှောက်တတ်သူများ (မည်သူ မျှ မမြောက်ဖူးပါ၊ လေပေါသူများ) အပြုအမူအပြောအဆို ဟန်ပန်ကိုကြည့်ရင် အလားတူသူကတော့ ဦးစိုးသိန်းလိုဝန်ကြီးမျိုးပေါ့ ဟန်ဆောင်ကောင်း၍ သရုပ်ဆောင်ကောင်း၍ တပ်မတော်(ရေ) ဦးစီးချုပ် ဖြစ်ခဲ့ သည်။ သူ၏သရုပ်ဆောင်ကောင်းမှုကြောင့် လူကြီးများ သူ၏အတွင်းသရုပ်ကို မသိမမြင်လိုက်ပေ။

စစ်အစိုးရနောက်ပိုင်းကာလတွင် ၀န်ကြီးဖြစ်ခဲ့ရာ အားထုတ်ကြိုးပမ်းသည်။ စက်မှု(၂)၀န်ကြီးဘ၀ တွင် ဦးသန်းရွှေက ကားကြီးအင်ဂျင်ထုတ်ပါဆိုတာနဲ့ နှစ်လ သုံးလအတွင်း ကားကြီးအင်ဂျင်ထုတ်ပြီးပြီ လာကြည့်ပါ။ လိုက်ကြည့်ပါနဲ့၊ ဘူဒိုဇာ၊ ကရေဒါ၊ xxxx ထုတ်ပါဆိုရင် အလားတူပဲ ပြီးပြီ၊ လာကြည့်ပါပေါ့။ စက်ရုံမှာတော့ အင်ဂျင် တစ်လုံးစနှစ်လုံးစ ပြထားသည်။ ဘယ်ကရှာတင်ထားလဲမသိ။ လူကြီးပြန်သွား တာနဲ့ မရှိတော့ဘူး။ ဆက်ထုတ်တာလည်းမရှိဘူး။ ခုထိ စက်မှု(၂)ကထုတ်တဲ့ကားအင်ဂျင် ဘယ်ပြည်သူ သုံးသလဲ?၊ ဘယ်ဈေးကွက်မှာမှမရှိဘူး။ ဂျပန်၊ တရုတ် အင်ဂျင်များသာရှိသည်။ သို့သော် လူကြီးတွေ စိတ်ထဲ ဘယ်လိုရှိသည်မသိ ဦးစိုးသိန်းက ခိုင်းရင်ချက်ချင်းလုပ်တယ်လို့ မှတ်ချက်ရလေသတည်း။ အသိအမှတ်ပြုခံရဖို့သာ သူ့ရည်ရွယ်ချက်ဖြစ်သည်။ အင်ဂျင်နှင့် ယန္တယားကြီးများ ထွက်မထွက် သူ-မကြိုး စားပါ။

၂၀၁၁ ခုနှစ် ဇွန်လမှာ ပြည်တွင်းမှာ ဒေါ်လာဈေးကျဆင်းနေသည့်အတွက် သမ္မတ ဦးသိန်းစိန်က ဒေါ်လာဈေးတက်လာအောင်ကြံကြပါ၊ ကြိုးစားကြပါ၊ နည်းလမ်းရှာကြပါလို့လဲပြောရော ဦးစိုးသိန်းဘာလုပ် သလဲ မျက်နှာရတဲ့အလုပ်ဖြစ်လို့ လက်မလွတ်စေရပါ။ တခါတည်း သူ့စက်မှုဇုန်က ကားထုတ်သူတွေဟာ ပုံစံမမှန်ဘူး၊ နိုင်ငံခြားပစ္စည်းများနေသည်ဟု အပြစ်ပြော၍ ကားတစ်စီး ဒေါ်လာတစ်သောင်းမှ နှစ်သောင်း ဒါဏ်ရိုက်လိုက်တော့တာပဲ။ သမ္မတကြီးကို သူ ဒေါ်လာဈေးတက်အောင် ဒီလိုစီမံလိုက်တယ်ဆိုပြီး မဟာ စီးပွားရေးပညာရှင်ကြီးသဖွယ် မွှန်းလိုက်လေတော့သည်။ သမ္မတကြီးသဘောကျသွားပြီ၊ ဦးစိုးသိန်း အောင်မြင်သွားပြီ။ စက်မှုဇုံက ကားထုတ်သူများ အကြီးအကျယ်ဒုက္ခခံစားကြရတာ သမ္မတမသိလိုက် သလား။ ခုထိ အရှုံးကြီးရှုံး၍ လုပ်ငန်းပျက်သွားသူ အများအပြားရှိသည်။ ဦးစိုးသိန်းကောင်းစားဖို့ သူတစ် ယောက်မဟုတ် လူအများပျက်စီးလေသတည်း။

ဝန်ကြီးအဖွဲ့တွင် ဦးစိုးသိန်းအတော်ဆုံးဟုပြောကြသည်။ သမ္မတထံ အပေါက်ရောက်ဆုံးဟု နာမည်ကျော်ကြားသည်။ သမ္မတကလည်းယုံသည်။ လက်ခံသည်။ ဦးစိုးသိန်းကမလိုသည့်ကိစ္စလဲ သမ္မတကပယ်ချအောင်လုပ်နိုင်သည်။ လက်ခံအောင်လုပ်နိုင်သည်။ ဟုတ်သည်မဟုတ်သည်အပထား၊ အစွမ်းအစရှိသည်ဟု မှတ်ချက်ပြုရမည်။ ဂျပန်ခရီးစဉ်တွင် ဦးစိုးသိန်းသာအဓိကဖြစ်ကြောင်း၊  အဆုံး အဖြတ်ကို သူပဲပေးသည်ဟု သတင်းသမားများကပြောသည်။ သမ္မတကိုတင်ပြလိုက်တိုင်း တွေ့ဆုံပွဲမှာ ဦးစိုးသိန်းပြီးမှပြီးသည်ဟုဆိုကြသည်။ ကိုယ်ခွဲသမ္မတလားဟု ယူဆကြသည်။ ချဉ်းကပ်ပုံက အတုယူစရာပဲ၊ သမ္မတအပေါ် အတော်သြဇာလွှမ်းမိုးသည်။ အဆုံးအဖြတ်ကို ဦးစိုးသိန်းကပဲပေးတာပဲ။ သမ္မတကပဲ ပိုလည် သလား၊ ဦးစိုးသိန်းကပိုတော်သလား၊ စဉ်းစားစရာပဲ။

အရေးပါအရာရောက်အောင်လဲ တည်ဆောက်တတ်သည်။ MIC ဥက္ကဋ္ဌတာဝန်ကို ဦးတင်နိုင်သိန်း လက်ထဲမှ လွှဲပြောင်းရယူသည်။ ဘယ်လိုကုလားဖန်ထိုးလိုက်သည်ကို ဦးတင်နိုင်သိန်းမသိရှာပေ။ ဦးစိုးသိန်းက  ပိုလုပ်တတ်သည်ဟုပြောလေသည်။ ဦးတင်နိုင်သိန်းမှာ မရှိတဲ့သိက္ခာပဲကျန်တော့သည်။ ယခု MIC မှာ ဖြစ်သင့်သည်ထက် သူဖြစ်ချင်တာလုပ်နေပြီ။ သမ္မတက မသိချင်ယောင်ဆောင်နေသလား၊ ရင်းနှီးလိုသူ ပြည်တွင်း၊ ပြည်ပမှာ စီးပွားရေးလုပ်ငန်းတွေမရှင်သန်ပါ၊ မဖွံ့ဖြိုးပါ။ သမ္မတကပြောတာတခြား၊ ဖြစ်နေတာ က တလွဲပါ။ ကြည့်ကြပါအုံး။ ကယ်ကြပါအုံး။


(ဆက်လက်ဖော်ပြပါမည်။)

Read more...

Friday, June 1, 2012

Myanmar Express ကို တည်ထောင်သူ၏ လိပ်စာ နှင့် ဖုန်းနံပတ် သိရပြီ

39 comments
အဖွဲ့ချုပ် အိုင်တီ သမားများရဲ့ နေ့မအား၊ ညမနား ကြိုးစားဖော်ထုတ်မှုကြောင့် Myanmar Express ( www.myanmarexpress.net ) ဝဘ်ဆိုက် မှ အဖွဲ့ဝင်အားလုံးနီးပါးကို သိရှိခြေရာခံပြီး ဖြစ်သည်။ MEG ခေါ်  Myanmar Express Group တွင် အဖွဲ့ဝင် အနည်းဆုံး ၁၂ ယောက် ရှိမည်ဟု ခန့်မှန်းရသည်။ Myanmar Express အဖွဲ့ဝင်များ အဓိက နေရပ် မှာ အမေရိကန်နိုင်ငံဖြစ်သည်။ နိုင်ငံအနှံ့တွင် ၎င်းတို့၏ သတင်းထောက် သူလျှိုများရှိသည်။ ရန်ကုန်မြို့တွင်းတွင် Myanmar Express  Group က ဟု သံသယ ဖြစ်ဖွယ် အထောက်အထားများ ရရှိထားသော ဂျာနယ်လစ် အမျိုးသား နှစ်ဦးကိုတွေ့ရှိထားသည်။ ထိုနှစ်ယောက်သည် နာမည်ကြီး ဂျာနယ် တိုက်များမှ သတင်းထောက်များဖြစ်သည်။ တိတိကျကျ သိရလျှင် အဖွဲ့ချုပ် အိုင်တီ သမားများ မှ သတင်းထုတ်ပြန်ပေးမည်။

မြန်မာနိုင်ငံမှ နှစ်ဦး အပြင် မလေးရှားနိုင်ငံတွင် အမျိုးသား တစ်ဦး၊ ရုရှားနိုင်ငံတွင် အမျိုးသား တစ်ဦး စင်္ကာပူနိုင်ငံတွင် အမျိုးသား တစ်ဦး နှင့် အမျိုးသမီးတစ်ဦး၊ မဲဆောက်တွင် အမျိုးသား နှစ်ဦး နှင့် အမေရိကန်နိုင်ငံတွင် အမျိုးသား သုံးဦး နှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၂ ဦးအား ခြေရာခံမိထားပြီးဖြစ်သည်။ အဓိကအလုပ်လုပ်နေသည်မှာ အမေရိကန်နှင့် မဲဆောက် ဖြစ်ပြီး အခြားသူများမှာ သတင်းထောက်များ ဖြစ်ဟန်ရှိသည်။

အမေရိကန်နိုင်ငံမှ ၄ ဦး အနက် နှစ်ဦး မှာ လင်မယားဖြစ်သည်။ လင်မယား နှစ်ယောက်လုံးမှ တက်တက်ကြွကြွ လုပ်ဆောင်လျှက် ရှိသည်။ အဖွဲ့ခေါင်းဆောင်  လင်မယား နှစ်ယောက် ၏ လိပ်စာ နှင့် ဖုန်းနံပတ်မှာ

   +1.4252740657
   Fax: +1.4259744730
   PMB 368, 14150 NE 20th St - F1
   C/O myanmarexpress.net
   Bellevue, WA 98007
   US 

ဖြစ်ကြောင်း http://www.who/myanmarexpress.net/ တွင် ဖော်ပြထားသည်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

Domain name: myanmarexpress.net

Registrant Contact:
   Whois Privacy Protection Service, Inc.
   Whois Agent ()
  
   Fax:
   PMB 368, 14150 NE 20th St - F1
   C/O myanmarexpress.net
   Bellevue, WA 98007
   US

Administrative Contact:
   Whois Privacy Protection Service, Inc.
   +1.4252740657
   Fax: +1.4259744730
   PMB 368, 14150 NE 20th St - F1
   C/O myanmarexpress.net
   Bellevue, WA 98007
   US

Technical Contact:
   Whois Privacy Protection Service, Inc.
   +1.4252740657
   Fax: +1.4259744730
   PMB 368, 14150 NE 20th St - F1
   C/O myanmarexpress.net
   Bellevue, WA 98007
   US

Status: Locked

Name Servers:
   dns1.name-services.com
   dns2.name-services.com
   dns3.name-services.com
   dns4.name-services.com
   dns5.name-services.com
  
Creation date: 10 Nov 2011 06:13:00
Expiration date: 09 Nov 2012 22:13:00

Information Updated: Fri, 1 Jun 2012 07:27:44 UTC

Myanmar Express ဝဘ်ဆိုက်ပိုင်ရှင်သည် နာမည်ကြီးလိုမှုနှင့် ဝဘ်ဆိုက်ကို လူအများ လာစေရန်ရည်ရွယ်ချက်ဖြင့် လူအများ လာစေရန်အတွက် လူထု့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မကောင်းကြောင်းများကို ရှာဖွေရေးသားလျှက်ရှိသည်။ ထိုရေးသားချက်များကြောင့် myanmarexpress.net သို့ လူအများ လာရောက်လျှက်ရှိပြီး တစ်နေ့လျှင် အမေရိကန် ၃ ဒေါ်လာ ရရှိလျှက် ရှိသည်။ ဝဘ်ဆိုက်တစ်ခုလုံးတန်ဖိုးမှာ  $1,845 USD ရှိနေပြီဖြစ်သည်ဟု http://www.statscrop.com/www/myanmarexpress.net#optimize တွင် ဖော်ပြထားသည်။ 

၎င်းဖော်ပြချက်တွင် တစ်နေ့လျှင် Page views 840 ဖြင့် တစ်နေ့လျှင် အမေရိကန် ၃ ဒေါ်လာ ရသည်ဟု ဖော်ပြထားသည်။ ယနေ့လေ့လာမှုအရ myanmarexpress.net ၏  Page views မှာ တစ်နေ့ 42724 ရှိသောကြောင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁၅၀ ရရှိနေပြီဖြစ်သည်။ myanmarexpress.net ၏ IP Address မှာ 216.239.38.21 ဖြစ်သည်။ တည်နေရာမှာ အမေရိကန်နိုင်ငံ ဆန်ဖရန် စစ်စကိုမြို့ ဖြစ်သည်။


 http://www.ip-adress.com/ip_tracer/myanmarexpress.net တွင် ဖော်ပြထားသည့် myanmarexpress.net ၏ တည်နေရာ မြေပုံမှာ အောက်ပါအတိုင်းဖြစ်သည်။


http://www.sitetrail.com/myanmarexpress.net တွင်ဖော်ပြထားသော မြေပုံမှာ အောက်ပါအတိုင်းဖြစ်သည်။


 Myanmar Express အဖွဲ့ဝင်များကို အဖွဲ့ချုပ်မှ အလျှင်အမြန်အလိုရှိနေသည်။ သတင်းသူများကိုလည်း ထိုက်ထိုက်တန်တန်ဆုချီးမြင့်မည်။ အထူးသဖြင့် အမေရိကန်နိုင်ငံရှိ အမေစုကို ချစ်သူများ ထံမှ အကူအညီလိုအပ်သည်။ ယခုရရှိထားသော လိပ်စာနှင့် ဖုန်းနံပတ် မပြောင်းမှီမချိန်အတွင်း Myanmar Express အဖွဲ့ဝင်များရှိရာသို့ ရှာဖွေစုံစမ်းဖော်ထုတ်ပေးရန် အဖွဲ့ချုပ်နှင့် အဆက်အသွယ်ရှိသော အမေရိကန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူများအား အကူအညီတောင်းထားသည်။ အခြား အမေရိကန်ရောက်မြန်မာများလည်း ကူညီပေးပါ။ အခြား အနယ်နယ်အရပ်ရပ်မှ သဲလွန်စ ရသူများလည်း ဆက်သွယ်ပါ။ အဖွဲ့ချုပ် IT သမားများ၏ Email မှာ nlditgroup@gmail.com ဖြစ်သည်။ ကျေးဇူးတင်ပါသည်။

Read more...

Friday, April 20, 2012

အဘမန်း… ဘာလဲ!!!! အဘမန်း… ဘယ်လဲ !!!! (၂)

2 comments
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးရဲ့ (၆) ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ‘‘ကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ စရိတ်၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ၀န်ထမ်းများနဲ့ အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ လစာနဲ့ စရိတ်တွေကို လုံလောက်စွာ ချီးမြှင့်ပေး ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နေကြတဲ့ လိုအပ်ရင် နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် အသက်ပေးစွန့်လွှတ်နေကြတဲ့ တပ်မတော်သားတွေရဲ့ ရိက္ခာ၊ စရိတ်၊ စစ်ဝတ်နဲ့ အသုံးအဆောင်စရိတ်တွေ အပါအ၀င် အခြားစရိတ်တွေ ကိုလည်း အနည်းဆုံး ၁၉၅၉-၁၉၆၀ ခုနှစ်က ရရှိထားတဲ့ စရိတ်တွေရဲ့ တန်ဖိုးအတိုင်း ရရှိအောင် ခွင့်ပြုပေးသင့်ကြောင်း’’ ကို ပြောကြားခဲ့ပါတယ်။

ဦးရွှေမန်းရဲ့ တင်ပြချက်ကို နိုင်ငံတော် သမ္မတကိုယ်စား ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းမှ လစာတိုးမြှင့်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုကုန်ကျလာမည့် လစာနှင့် အခြားအသုံးစရိတ်တွေ များပြာားလာမှာဖြစ်လို့ နိုင်ငံတော် ဘတ်ဂျတ်မှာ အခက်အခဲတွေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကို ငဲ့ညှာထောက်ထားသောအားဖြင့် ၄င်းတို့ရဲ့ ဒေသစရိတ်နှုန်းထားများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပါတယ်။



၂၀၁၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် ကျွန်တော်တို့ အစိုးရ အဖွဲ့ဟာ စတင်တာဝန်လွဲပြောင်းရယူချိန်ကစပြီး မြင့်မားတဲ့ လစာနှုန်းထားတွေကို ရယူခံစားခြင်းမပြုပဲ ယခင်အစိုးရ လက်ထက်က နှုန်းထားအတိုင်း ရယူခံစားနေကြသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးမှာ အစိုးရ၀န်ထမ်း အရေအတွက် စုစုပေါင်းဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ (၃.၃%)ခန့်ရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူအစိုးရဖြစ်တာနဲ့ အညီ အစိုးရ ၀န်ထမ်းမဟုတ်သော သာမန်လက်လုပ်လက်စား ပြည်သူ (၉၆.၇%) ကိုလည်း ပြန်လည်ငဲ့ကွက်ဖို့ လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးပေးမှုတွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ လစာသို့မဟုတ် ထောက်ပံ့ကူညီမှုတွေ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဦးရွှေမန်းအနေနဲ့ သမ္မတထံ တောင်းဆိုချက်နဲ့ ပတ်သတ်ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံကာ ၀န်ထမ်းများလစာတိုးရေးကိစ္စကို အဓိကထား ဆွေးနွေး သွားပါတယ်။ ဒီလိုဆွေးနွေးခဲ့ရာတွင် နိုင်ငံသားများ အနေနဲ့ ရဲရဲရင့်ရင့် သတ္တိရှိရှိဖြင့် ပြောဆိုရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ ပြောကြားချက်အကြောင်းကို မီဒီယာတွေကနေတဆင့် ပျံ့နှံ့ပြီးတဲ့နောက် ရန်ကုန်တွင် တိုင်ရီစက်ရုံမှ အလုပ်သမားများ အခွင့်အရေးတောင်းဆိုမှုများမှ စတင်ပြီး စက်ရုံများတွင် အလုပ်သမား အခွင့်အရေးလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာရပါတယ်။ လွှတ်တော်မှာ ၀န်ထမ်းတွေ လစာတိုးပေးရေးကိစ္စကို တင်သွင်းစဉ်ကလည်း ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းမှ တဆင့် မီဒီယာများသို့ ပိုမို ပြန့်ပွားအောင်ဆောင်ရွက်ခဲ့စေပါတယ်။ ဦးရွှေမန်းအနေနဲ့ ၀န်ထမ်းများ လစာတိုးရေးကိစ္စကို အကြောင်းပြ ပြီးတော့ အစိုးရကို ဖိအားတွေ တောက်လျှောက်ပေးလာခဲ့ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို သမ္မတမှ လွှတ်တော်သို့ တင်ပြအတည်ပြုချက်မယူပဲ သမ္မတလုပ်ပိုင်ခွင့်အတွင်းမှ ရပ်တန့်ပေးခဲ့တာကို လည်း ဦးရွှေမန်းမှ အမြင်မကြည်လင်ခဲ့ပါဘူးဆိုတာ လွှတ်တော်တွင်းမှာ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။
ယခင် စစ်အစိုးရ လက်ထက်က ကုန်ဈေးနှုန်းကြီးမြင့်မှုကို လက်တလောပြေလည်စေဖို့ ၀န်ထမ်းတွေကို လစာတိုး ပေးခြင်းနဲ့ဖြေရှင်းခဲ့ပါတယ်။ ၁၉၈၉ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၃ခုနှစ် မှာတစ်ကြိမ်၊ ၂၀၀၀ပြည့်နှစ်မှာ တစ်ကြိမ်၊ ၂၀၀၆ ခုနှစ်မှာ တစ်ကြိမ၊ ၂၀၁၀ပြည့်နှစ် ဇန်န၀ါရီလ တွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်တိတိ လစာတွေ တိုးပေးခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ ရွှေတစ်ကျပ်သားကို တစ်သိန်းတစ်သောင်းကျော်လောက် ပေးရပေမဲ့ ၂၀၁၂ ခုနှစ် ယနေ့ကာလမှာတော့ ၇၁၀၀၀၀ ကျော် ပေးရပါတယ်။ ဆန်ဆိုရင် လည်း ၂၀၀၂ခုနှစ်မှာ တစ်ပြည် ၂၈၀ ကျပ်သာ ပေးရ ပေမဲ့ ခုအချိန်မှာတော့ တစ်ပြည်ကို ၁၅၀၀ ကျပ်တောင်ပေးရလို့ ငွေကြေး ဖောင်းပွမှုဟာ ခြောက်ဆ လောက် အထိထိုးတက်လာတာကို တွေ့ရမှာပါ။ ဒီလိုလုပ်ဆောင်ခဲ့တာဟာ စစ်အစိုးရရဲ့ ငါးပွက်ရာငါးစာချလုပ်ဆောင်မှုကြောင့် နိုင်ငံတော်အနေနဲ့ ငွေကြေးဖောင်းပွနှုန်း မြင့်တက်ခဲ့ပြီးတော့ အခြေခံ လူတန်းစားတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံခဲ့ရပါတယ်။ လစာတိုးလာပေမယ့် ကုန်ဈေးနှုန်းက လိုက်ပါမြင့်တတ်ခဲ့လို့ ဂျာအေး သူ့အမေရိုက် ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ ၀န်ထမ်းတွေရဲ့ အခက်အခဲကို လစာ တိုးပေးလိုက်ရုံဖြင့် မဖြေရှင်းနိုင်ပဲ ငွေကြေး ဖောင်းပွမှုသာမြင့်တတ်လာခဲ့ပါတယ်။

ပြည်သူတွေရဲ့လိုလားချက်က လစာတိုးဖို့ မဟုတ်ပါဘူး ကုန်ဈေးနှုန်းကျဆင်းဖို့ပါပဲ။ လစာသာတိုးလာပြီး ကျန်တဲ့ကုန်ဈေးနှုန်းတွေ တက်လို့ ၀န်ထမ်းတွေပဲ ခဏတာ အဆင်ပြေပြီး ကျန် ၅၈ သန်းကျော် ပြည်သူတွေက ကုန်ဈေးနှုန်းဒဏ်ကို ခံရပါတယ်။ ၀န်ထမ်းတွေကလည်း လစာတိုးတာ နာမည်သာရှိပေမယ့် တကယ်တန်းကျတော့ ကုန်ဈေးနှုန်းတတ်တာနဲ့ ယှဉ်လိုက်ရင် မူလအတိုင်းပဲ မလောက်မငှ ပြန်ဖြစ်တာပါပဲ။ ဒါကြောင့် ဦးရွှေမန်းပြောတဲ့ လစာတိုးပေးဖို့ဆိုတာက ပြည်သူကို အပေါစား စည်းရုံးလိုက်တာပဲ ဖြစ်ပါတယ်။ လစာတိုးပေမယ် ဒါပေမယ့် နိုင်ငံတော်က ကုန်ဈေးနှုန်းကို ဘယ်လိုတွေ ထိန်းချုပ်ပေးမယ်ဆိုတာတွေ မပါပဲ လစာတိုးပေးမယ်ဆိုတာချည်းပဲ ပြောနေတော့ ပြည်သူ ၅၈ သန်းကျော်ကို ဒုက္ခရောက်အောင်လုပ်နေသလိုပါပဲ။ တကယ်စေတနာထားတာ မဟုတ်ပဲ စီးပွာရေး ကမောက်ကမဖြစ်အောင် လုပ်နေတာလို့ ပြည်သူတွေက ပြောကြားခဲ့ပါတယ်။


ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း တောင်းဆိုတဲ့ ၀န်ထမ်းများ လစာတိုးမြှင့်ပေးရေး ကို လိုက်လျောခြင်း မရှိပေမဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၀န်ထမ်းတွေ အားလုံးကို ထောက်ပံ့ကြေးငွေ အဖြစ် တစ်လလျှင် ၃၀၀၀၀ကျပ်စီ ၂၀၁၂ ဧပြီလက စတင်ပြီးတော့ ထောက်ပံ့ ပေးခဲ့ပါတယ်။ ဒီလို ထောက်ပံ့ပေးဖို့အတွက် နေပြည်တော်ကောင်စီရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ မြန်မာနိုင်ငံစက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဘက်ဂျက်တွေအပြင်အခြားဝန်ကြီးဌာနတွေရဲ့ဘက်ဂျက်အချို့ကိုလျှော့ချပေးခဲ့ရပါတယ်။ ဒါ့အပြင် မတ်လ (၂၄) ရက် ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်နာယက ထံသို့ ဦးရွှေမန်းက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုနဲ့ပတ်သတ်ပြီးတော့ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သ၀ဏ်လွှာထဲမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ အငြိမ်းစားလစာတွေကို တိုးမြှင့်ပေးခြင်းနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း မရှိ ကြောင်း ဖော်ပြ ထားပါတယ်။

အဲဒီသ၀ဏ်လွှာပါ အချက်တွေနဲ့ပတ်သတ်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ဧပြီလ (၉)ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့ပါတယ်။ အဲဒီ သ၀ဏ်လွှာမှာ ပါဝင်တဲ့ ဖော်ပြချက်တွေကတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ လစဉ်ချီးမြှင့်ငွေကိုသာ လျော့ပေါ့ခံစားခြင်း ဖြစ်ကြောင်းနဲ့ ပင်စင်လစာကို တိုးမြှင့်ပေးခြင်းကလည်း နိုင်ငံတော်သမ္မတရဲ့ အခွင့်အာဏာ အတွင်းကပဲ ဆောင်ရွက်ခြင်းဖြစ်တာကြောင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းမှာ အုပ်ချုပ်မှု အာဏာ အရဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို ပြန်လည်ရှင်းလင်းထားတဲ့ အချက်တွေပါဝင်ပါတယ်။
နိုင်ငံတော်သမ္မတကြီးက ရရှိမယ့် အခွင့်အရေးကိုတောင် အပြည့်အ၀မယူပဲ လစာကို လျော့ယူတာ ပြည်သူတွေ အပေါ်မှာ စေတနာထားတာပါ။ သမ္မတတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀မယူပဲ နိုင်ငံတော်အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ၀န်ထမ်းတွေရဲ့ အငြိမ်းစားလစာ တိုးမြှင့်ပေးတာက လည်း အငြိမ်းစားယူသွားတဲ့ ၀န်ထမ်းတွေကို လက်ရှိကုန်ဈေးနှုန်းနဲ့ ချင့်ချိန်ပြီး မတောင့်မတနေရအောင် စေတနာထားဆောင်ရွက်ပေးတာပါ။ ဦးရွှေမန်းလို သားတွေက ကုမ္ပဏီထောင် အဖေကလုပ်ပိုင်ခွင့်တွေပေး စတဲ့အလုပ်တွေနဲ့ ချမ်းသာနေတော့ ဒီပင်စင်လစာကို ဘယ်မက်မောပါ့မလဲ။ ဒါပေမယ့် အငြိမ်းစား ၀န်ထမ်းအများစုကတော့ ဘ၀ရဲ့ နေ၀င်ချိန်တွေမှာ မတောင့်မတ မကြောင့်မကြ နေနိုင်အောင် ဆောင်ရွက် ပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်နေကြပါတယ်။

လူ့အခွင့်အရေး ကောင်မရှင် ဖွဲ့စည်းပေးတာကလည်း လူသားချင်းစာနာထောက်ထားမှုအတွက် ဖွဲ့စည်းပေးထားတာပါ။ ပြည်သူတွေ ခံစားနေရတဲ့ မတရားမှု တွေကို ဖြေရှင်းပေးမယ့် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပေးထားတာဖြစ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြည်သူတွေ အပေါ်ထားတဲ့ စေတနာကို ထင်ဟပ်စေပါတယ်။ ဒါပေမယ့် ဦးရွှေမန်းကတော့ မြစ်ဆုံအရေးကတည်းက မကျေလည်မှုတွေကို အရင်းပြုပြီး ဥပဒေတွေ မူတွေနဲ့ သမ္မတရဲ့လုပ်ဆောင်ချက်တွေကို ဥပဒေနဲ့ မညီကြောင်း ပြောကြားခဲ့မှုအပေါ် ပြည်သူတွေက မကျေနပ် ကျပါဘူး။ ပြည်သူ့ အကျိုးကို ဆောင်ရွက်တဲ့ နေရာမှာ လူတွေ မူတွေ မလိုပါဘူး။ တကယ် အကျိုးရှိအောင် လုပ်ပေးချင်စိတ်အပေါ်မှာပဲမူတည်နေတာပါ။
နိုင်ငံတော်သမ္မတအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို တည်ငြိမ်အောင်ဆောင်ရွက်ပြီးတော့ တစ်ဘက်ကလည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆောင်ရွက်နေတာကို ပြည်သူ့လွှတ်တော်ဥက္ကဌ တစ်ဦးအနေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘဲနဲ့ ဒီမိုကရေစီ ဘက်တော်သား အမည်ကောင်း ခံယူပြီးတော့ အစိုးရအဖွဲ့ကို ဖိအားပေးနေတာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ DSA (၁၁)က ဖြစ်ပြီးတော့ ၁၉၈၈ အရေးအခင်းမှာ ဗိုလ်မှူး အဆင့်ပဲ ရှိပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး နောက်ဆုံး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို ရရှိခဲ့ပါတယ်။

ဧရာဝတီတိုင်း တိုင်းမှူး ဘ၀က သူ့သား အောင်သက်မန်း ပိုင်ဆိုင်တဲ့ ဧရာ-ရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တစ်တိုင်းလုံးရဲ့ ဓာတ်မြေသြဇာ ရောင်းချခွင့်ကို တစ်ဦးတည်း မူပိုင်ရရှိခဲ့ပါတယ်။ ခုလို အောင်သက်မန်းဟာ ဧရာ-ရွှေဝါ ကုမ္ပဏီနာမည်နဲ့ လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေပါတယ်။ Red Link ဆိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီနဲ့ ချယ်ရီ FM ကလည်း တိုးနိုင်မန်း ပိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ တိုးနိုင်မန်းဟာ ယောက္ခမဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ ( ဇေကမ္ဘာ ) ရဲ့ စီးပွားရေး လုပ်ငန်းတွေ ကိုလည်း နောက်ကွယ်ကနေပြီး လုပ်ကိုင်ပေး နေတာဖြစ်ပါတယ်။ တိုးနိုင်မန်းတို့မိသားစုရဲ့ အရှိန်ကို အသုံးပြုပြီး ဦးခင်ရွှေက မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုက လယ်ဧက ၁၀၀၀ ကျော်ကို လျော်ကြေးငွေ အနည်းငယ်ပေးပြီး သိမ်းယူပြီး ဇေကမ္ဘာစက်မှုဇုန် အပိုင်း (၃) ဆိုပြီးဖော်ထုတ်ကာ အကွက် ၁ကွက်ကို သိန်းရာချီပြီးတော့ ရောင်းစားဖို့ ကြံစည်နေပါတယ်။
ဦးရွှေမန်းဟာ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားပါတယ်။ တိုးနိုင်မန်းဟာ အသက်ငယ်ရွယ်လို့ လွှတ်တော်အမတ်အချို့က မကျေနပ်ပါဘူး။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး ကွယ်လွန်ပြီးနောက် သူ့သား ကင်ဂျုံအန် ဟာ ခေါင်းဆောင်ဖြစ်လာပါတယ်။ ဒါကြောင့် အဖေသေရင် သားဆက်လက် တာဝန်ထမ်းဆောင်မှာလား ဆိုတဲ့ မေးခွန်းတွေကလည်း ပြည်သူ့ လွှတ်တော်အတွင်းမှာ တီးတိုးပျံ့နှံ့ခဲ့ပါတယ်။ ဦးရွှေမန်းဟာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နဲ့လည်း မကျေလည်မှုတွေရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေမူကြမ်းကို နိုင်ငံတော်ခုံရုံးသို့ တင်ပြဖို့ဆုံးဖြတ်ချက်ကို ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်က ကန့်ကွက်ခဲ့ပါတယ်။ ဒီလို ကန့်ကွက်ခဲ့လို့ ပြည်ထောင်စု လွှတ်တော်ဥက္ကဌ အဖြစ် တာဝန်ယူရတဲ့ ဦးခင်အောင်မြင့်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ပျက်စေပြီး ဂုဏ်သိက္ခာညှိးနွမ်းအောင် လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဝေဖန် ပြောကြားခဲ့ပါတယ်။

အဘမန်းဟာ စစ်အစိုးရလက်ထက်က ထိပ်တန်းတာဝန်ကို ထမ်းဆောင်ခဲ့ပေမဲ့ အခုအခါမှာ ဒီမိုကရေစီ အရေးကို အကြောင်းပြပြီး လွှတ်တော်အတွင်းမှာ အာဏာကို တည်ဆောက်နေပါတယ်။ အစိုးရရဲ့ အတိုက်အခံအင်အားစုတွေနဲ့ အလွမ်းသင့်ပြီး ကြံ့ခိုင်ရေးပါတီကို ကြားဖြတ်ရွေးကောက်ပွဲကာလ မှာ ထိရောက်တဲ့ ကြီးကြပ်ကွပ်ကဲမှုမလုပ်ခဲ့လို့ ပါတီဟာလည်း ရှုံးနိမ့်ခဲ့ရကြောင်း၊ ဒီလိုရှုံးနိမ့်မှုအပေါ်မှာ ပါတီဝင်အချင်းချင်းကလည်း မကျေနပ်မှုတွေရှိလာပြီး ပါတီအတွင်းနဲ့ လွှတ်တော်အတွင်းမှာ အဘမန်းကို နှုတ်ထွက်ပေးဖို့ ဖိအားတွေများပြားလာတယ်လို့ တီးတိုးဝေဖန်ပြောဆိုမှုတွေ ရှိလာပါတယ်။
အဘမန်းသာ နှုတ်ထွက်သွားပါက သူ့ သားတွေပိုင်ဆိုင်တဲ့ ဧရာရွှေဝါ ကုမ္ပဏီ၊ Red Link ကုမ္ပဏီ တွေအပြင် (ဇေကမ္ဘာ) ဦးခင်ရွှေရဲ့ လုပ်ငန်းတွေပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အဘမန်း အနေနဲ့ ဖိအားတွေကို ဘယ်လိုရင်ဆိုင်ပြီးတော့ လွှတ်တော်ထဲဝင်ရောက်လာတဲ့ အတိုက်အခံပါတီ NLD နဲ့ ပူးပေါင်း ဆောင်ရွက်မှာလား၊ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်ကပဲ ရပ်တည်ဆောင်ရွက် သွားမှာလား နိုင်ငံရေး အမြတ်ထွက်အောင် ဆောင်ရွက်မလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမယ် လို့ အစိုးရအဖွဲ့ ကြားမှာ သတင်းတွေ ပျံ့နှံ့နေပါတယ်။

Read more...